ဇာတ်ကားများ ရွေးရန်

The Bhootnii

2025ဇာတ်ကားအမှတ် 8.0/10126 မိနစ်4K

The Bhootnii 2025 (ချစ်ခြင်းကိုတောင့်တနေတဲ့ အချစ်သရဲမလေး) နာမည်ကြီးမင်းသားကြီး ဆန်ဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ သရဲကားအသစ်စက်စက်ကြီးထွက်ရှိလို့လာပါပြီ။ စိန့်ဗင်ဆင့်ဆိုတဲ့ ကျောင်းတော်ကြီးမှာ ထုံးတမ်းဓလေ့ပွဲတစ်ခုရှိပါတယ်။ အဲဒီဓလေ့ပွဲကတော့ သူတို့ကျောင်းဝင်းထဲမှာရှိတဲ့ အပျိုစင်သစ်ပင်ဆိုတဲ့ သစ်ပင်ကြီးကို နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့မှာ ပူဇော်လေ့ရှိတဲ့ ဓလေ့ပဲဖြစ်ပါတယ်။အဲဒီလို အပျိုစင်သစ်ပင်ကြီးကို ပူဇော်ရင် အချစ်စစ်နဲ့တွေ့ရမယ်ဆိုတဲ့ အယူရှိကြပါတယ်။ သို့ပေမဲ့လည်း အဲဒီသစ်ပင်ကြီးမှာ သရဲမတစ်ယောက်ရှိနေပြီး အဲဒီသရဲမဟာ ချစ်သူများနေ့မှာပဲ ပေါ်လာတတ်ပါတယ်။ အဲဒီလို သရဲမက ပေါ်လာပြီဆိုရင်လည်း ယောက်ျားလေးတွေ တစ်ယောက်မဟုတ် တစ်ယောက် သတ်သေတာမျိုးက နှစ်စဉ်နှစ်တိုင်းကြုံတွေ့လာရပါတယ်။ အဲဒီအကြောင်းကို ကျောင်းသူလေးတစ်ယောက်က သတိထားမိသွားရာကနေတဆင့် ကျောင်းမှ တာဝန်ရှိသူများက ဒီဖြစ်ရပ်ကို တားဆီးနိုင်ဖို့ လုပ်ကြတဲ့အခါမှာတော့ ......... ကျောင်းမှ တာဝန်ရှိသူများမှ ဒီကျောင်းရဲ့ ကျောင်းသားဟောင်းဖြစ်တဲ့ ဘာဘာလို့ခေါ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို သိပ္ပံနည်းကျ ဖြေရှင်းပေးတဲ့သူကို ဒီကိစ္စတွေ ဖြေရှင်းပေးဖို့ ခေါ်လိုက်ရာကနေ အပျိုစင်သစ်ပင်မှာရှိတဲ့ သရဲမက ဘယ်လိုအကြောင်းတွေကြောင့် ဒီသစ်ပင်ကြီးမှာရှိနေရတာလဲ ........ ဒီသရဲမရဲ့ ဘဝ ဇာတ်ကြောင်းကရော ဘာလဲ ...... ဘာဘာ တစ်ယောက်ရော အပျိုစင်သစ်ပင်ပေါ်က သရဲကို နှိမ်နင်းပေးလိုက်နိုင်မှာလား ...... ဆိုတာကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမဲ့ သရဲကားဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2.5 GB / 1.4 GB Quality…WEB DL 4k HEVC / 1080p/ 720p Format…mkv/mp4 Duration….2h 10min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း