ဇာတ်ကားများ ရွေးရန်

The Chanting: Revisited

2018ဇာတ်ကားအမှတ် 5.9/10105 မိနစ်

သရဲတစ္ဆေကားတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုနီးရှားသရဲကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်တွေရိုးစင်းပေမယ့် ထိတ်လန့်စရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဒိုနီးရှားသရဲဖြစ်တဲ့ ကွန်တီလန်နက်ခ်ဆိုတဲ့သရဲဟာ ကလေးငယ်တွေကိုဦးတည်ဖမ်းယူတတ်တဲ့ သရဲမျိုးပါ။ မြန်မာမှာဆိုရင် ညမှောင်တဲ့အချိန် တူတူပုန်းတိုင်းကစားရင် နတ်ဖွက်သလို အဲ့မှာလဲမိခင်မေတ္တာငတ်မွတ်နေတဲ့ကလေးတွေ၊ မိဘစကားနားမထောင်တဲ့ကလေးတွေကို သူနဲ့လိုက်မလားဆိုပြီးခေါ်ဆောင်ရင်း ဖမ်းခေါ်သွားတတ်တဲ့သရဲမျိုးလည်းဖြစ်ပါတယ်။ ကြည့်ရတာစိတ်လှုပ်ရှားစရာကောင်းသလို ကလေးငယ်တွေနဲ့ဇာတ်အိမ်တည်ထားတဲ့အတွက် သရဲကားကြိုက်တဲ့သူတွေ အပန်းဖြေကြည့်နိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဖတ်ခနဲ ဖတ်ခနဲထွက်ထွက်ခြောက်တတ်ပြီး ညရိုက်ကွင်းတွေပိုများတဲ့အတွက် ဇာတ်ကားကြည့်ရင်း ညဖက်ခြောက်မယ့်အချိန်ဝင်လာမှာကိုတောင် လန့်နေရပါတယ်။ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ခံစားချင်တဲ့သူတွေကတော့ အင်ဒိုသရဲမနဲ့တွေ့လိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (850 MB) and (370 MB) Quality : NF WEB-DL 720p Running Time : 1h 45min Format : Mp4 Genre : Comedy , Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p NF WEB-DL DDP5.1 x264-Ao Translated by Thura Zarni Aung Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း