Glorious
အသည်းကွဲနေတဲ့ ဝက်စ်ဟာ ကားတစ်စီးနဲ့ ခြေဦးတည့်ရာ ထွက်လာရင်း လမ်းခရီးက နားနေစခန်းတစ်ခုမှာ ဝင်နားခဲ့ပါတယ်။ အရက်သောက်ပြီး မူးရူးနေခဲ့တဲ့သူက အရက်နာကျလာတော့ အများသုံးအိမ်သာထဲ ဝင်အန်ရပါတော့တယ်။ အဲဒီမှာ ဘေးခန်းထဲက တစ်ယောက်က သူ့ကို စကားလှမ်းပြောလာတယ်။ ဝက်စ်က ဒီလူ စကားများလှချည်လားလို့ တွေးမိပေမယ့် တစ်ခွန်းစနှစ်ခွန်းစတော့ ပြန်ပြောနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက သူဟာ လူမဟုတ်ဘူးလို့ ပြောလာပြီး ဝက်စ် အပြင်ထွက်မရအောင် တံခါးကို ပိတ်ချလိုက်တဲ့အခါ သာမန်စကားပြောနေရာကနေ ကြောက်စရာအဖြစ်ကို ရောက်သွားပါတော့တယ်။ တစ်နာရီနဲ့ ၁၈ မိနစ်ကြာတဲ့ ဒီ Horror၊ Thriller ဇာတ်ကားမှာ အိမ်သာထဲ ပိတ်မိသွားတဲ့ ဝက်စ် ဘာတွေဆက်ကြုံရမလဲဆိုတာကို ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း