ဇာတ်ကားများ ရွေးရန်

MexZombies

2022ဇာတ်ကားအမှတ် 7.1/1093 မိနစ်

Zombie ဇာတ်ကားတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ Mexican Thriller, Comedy, Horror ကားလေးဖြစ်တဲ့ MexZombies ဆိုတဲ့ဇာတ်ကားလေးကို Review ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဆယ်ကျော်သက်လူငယ်တစုရဲ့ ဇွန်ဘီပျက်ကပ်ကိုကြုံတွေ့စဥ် ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့အကြောင်းကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတဲ့ဂိုဏ်းတစ်ခုမှာလုပ်ကိုင်နေတဲ့ ဓာတုဗေဒပညာရှင်ဟာ သူဖော်တဲ့ဆေးရဲ့ ဆိုးကျိုးကို သိရှိသွားပြီးနောက် ဆေးကိုဖျောက်ဖျက်ဖို့ ကြိုးစားရာကနေ လူမိသွားပြီး အပြတ်ရှင်းခံလိုက်ရပါတယ်။ အဲဒီလိုနဲ့ အလောင်းကို အမှိုက်ပုံမှာ လာပစ်ရင်း မထင်မှတ်ဘဲ လူနှစ်ယောက်ကို ဂိုဏ်းကဘဲနှစ်ပွေက တွေ့သွားတဲ့အခါမှာတော့ ဆေးကိုစမ်းဖို့ ထိုးလိုက်ပါတော့တယ်။ အဲဒီလိုကနေစလိုက်တဲ့ဇာတ်လမ်းဟာ Halloween ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့ Tavo နဲ့ Cronos တို့သူငယ်ချင်းတစုစီကို မမျှော်လင့်ဘဲ ရောက်လာတဲ့အချိန် ဒီအန္တရာယ်တွေကို ဘယ်လိုကျော်ဖြတ်ကြရမလဲ သူတို့အားလုံး အဆုံးထိ ရင်ဆိုင်တိုက်ပွဲဝင်သွားနိုင်မလားဆိုတာကို ဟာသအလွဲအနှောလေးတွေနဲ့အတူ ကြည့်ရှုအားပေးရမယ့် Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(875 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Horror, Action, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien

ဇာတ်လမ်းအကြောင်း