ဇာတ်ကားများ ရွေးရန်

Kaathu Vaakula Rendu Kaadhal

2022ဇာတ်ကားWeb-dl 1080p

မကြာသေးမီကထွက်ရှိထားတဲ့ 'လေပြေညှင်းလေးထဲမှ အချစ်နှစ်ခု'ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာဆိုရင် 'ရာဂျန်ဂူဒီ အန်းဘာရာဆွန်း မူရီဂီဆီ ဘူးပါသီ အိုဟွန်းဒီရန်' ခေါ် ရမ်ဘိုဟာလူ့လောကထဲရောက်လာတည်းက ကံဆိုးမှုတွေနဲ့ဆက်တိုက်ကြုံတွေ့ခဲ့ရသူဖြစ်ပါတယ်။ ရမ်ဘို့အဖေဟာရမ်ဘိုမွေးတဲ့နေ့မှာပဲသေဆုံးသွားခဲ့ပြီး တစ်နေ့မှာတော့မိခင်ဖြစ်သူနေမကောင်းဖြစ်နေချိန်သူအနားရောက်လာခဲ့တာကြောင့် မိခင်ဖြစ်သူ၏အခြေအနေပိုဆိုးရွားလာခဲ့ကာ ရမ်ဘိုအိမ်အပြင်ပြန်ထွက်တော့မှ မိခင်ကပြန်သက်သာလာခဲ့ပါတယ်။ ဒီလိုနဲ့ အရာရာကံမကောင်းဖြစ်ပြီးအနီးနားမှာရှိနေတဲ့လူတွေကိုဒုက္ခပေးနေမိတယ်လို့စဥ်းစားမိလာတဲ့ရမ်ဘိုဟာ အမေနဲ့ဝေးရာကိုထွက်ပြေးသွားခဲ့ပြီးအမေ့ကျန်းမာရေးအတွက်အလုပ်တွေကြိုးစားလုပ်ခဲ့ပါတယ်။သူမြတ်နိုးမိလိုက်တဲ့အရာတိုင်းပျက်စီးသွားတာချည်းပဲလို့တထစ်ချယုံကြည်ထားတဲ့ရမ်ဘို့အနားကို အချစ်နှစ်ခုကတစ်ပြိုင်တည်းရောက်လာတဲ့အခါ ရမ်ဘိုတစ်ယောက်ဘာဆက်လုပ်မလဲ ချစ်ရတဲ့မိန်းကလေးနှစ်ယောက်ထဲကတစ်ယောက်ကိုရွေးပြီးရှေ့ဆက်မလား ကံမကောင်းဘဲအမြဲဖြစ်နေတတ်တဲ့ကိုယ့်ကြောင့်သူတို့မထိခိုက်စေဖို့အတွက်ရှောင်ပြေးလိုက်မလား ရမ်ဘို့ကိုရဖို့အတွက် အချစ်လွန်ဆွဲပွဲအပြိုင်ဆွဲကြရင်းနဲ့ အချစ် ဟာသဇာတ်လမ်းတွေကိုအလေးပေးရိုက်ကူးထားတဲ့ကားဖြစ်တာကြောင့် ​အမောပြေစေဖို့ကြည့်သင့်တဲ့အချစ်ကားလေးပါပဲ။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း