ဇာတ်ကားများ ရွေးရန်

Thunivu

2023ဇာတ်ကားWeb-dl 1080p

ဒီဇာတ်လမ်းလေးကတော့ ရိုက်စားလုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူလတ်တန်းစားတွေ ခံကြရပုံကို ဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို တစ်နှစ်တာ အကောင်းဆုံး အလုပ်သမားဆုနဲ့ ဆွဲဆောင်ပြီး ပြည်သူလူထုကို သဘောတူစာချုပ်ကို ဆုံးအောင် မဖတ်မခိုင်းဘဲ အရူးလုပ်ခိုင်းကာ သူတို့အိတ်ဖောင်းအောင် ကြံစည်နေတဲ့ ဘဏ်လုပ်ငန်းပိုင်ရှင်များ။ ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရင် နှစ်နှစ်ကြာရင် အဲ့ငွေရဲ့ နှစ်ဆဖြစ်လာအောင်လုပ်ပေးမယ်ဆိုပြီး မက်လုံးပေးကာ အဆုံးမှာတော့ လုပ်ငန်းက ဒေဝါလီခံပါတယ်ဆိုတဲ့ အကြောင်းရင်းနဲ့ ပိုက်ဆံတွေကို လက်ဝါးကြီးအုပ်တဲ့သူများ၊ ချေးငွေထက် အတိုးပိုများစေတဲ့ အကြွေးဝယ်ကတ်တွေ၊ ဘဏ်ဝန်ဆောင်ခဆိုပြီး လစဉ်ဖြတ်ငွေတွေ။ အဲ့က ရလာတဲ့ ပိုက်ဆံ ရူပီးသန်းပေါင်းနှစ်သိန်းခွဲကို ခေတ်သစ်ရော်ဘင်ဟုဒ်လို့ တင်စားတဲ့ အမှောင်နတ်ဆိုးက ပြည်သူတွေဆီရောက်အောင် ဘဏ်ပိုင်ရှင်တွေ ဆီကနေ ဘယ်လိုမျိုး ပြန်လည်ယူဆောင်ပေးမလဲ၊ ပြည်သူတွေရဲ့ ‌လိုအင်ဆန္ဒတွေကို အသုံးချပြီး ဘဏ်လုပ်ငန်းတွေက ဘယ်လိုမျိုး အခွင့်ကောင်းယူလဲ ၊ ဘဏ်ဓားပြတိုက်သူတွေကကော တစ်ယောက်ထဲ ဖြစ်ပါ့မလား ဆိုတာတွေကို ကြည့်ရှုခံစားရမယ့် အက်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း