Haraa
သမီးဖြစ်သူရဲ့သေကြောင်းကြံစည်မှုကို အကြောင်းအရင်းသိချင်လို့ ခြေရာခံရာကနေ ထင်မထားတဲ့အမှန်တရားတွေနဲ့လှည့်ကွက်တွေကို ဖော်ထုတ်မိခဲ့တဲ့ ဖခင်တစ်ဦး။ ငယ်ငယ်ကတည်းက သမီးမျက်နှာတစ်ကမ္ဘာထင်တဲ့အဖေဖြစ်သူဟာ ရုတ်တရက်ကြီးသေကြောင်းကြံစည်သွားတဲ့ သမီးဖြစ်သူကြောင့် ရူးမတတ်ဖြစ်သွားရပြီး သူပါလိုက်သေဖို့အထိကြံစည်ခဲ့ပေမဲ့ အနည်းဆုံးတော့ သူ့သမီးသေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းကိုတော့ သိရမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ကိစ္စတွေကို ဖြည်းဖြည်းချင်းခြေရာခံလာခဲ့တယ်။ သူ့သမီးရဲ့အကြောင်းကိုဖော်ထုတ်နိုင်ဖို့အတွက် အကောင်ကြီးကြီးအမြီးရှည်ရှည်လုပ်ငန်းရှင်တွေသာမက နိုင်ငံရေးသမားတွေကိုပါ ရင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ သူမထင်ထားတဲ့ဖြစ်ရပ်တွေနဲ့ပါ ကြုံလိုက်ရတဲ့အခါ သူ့သမီးလေးခံစားခဲ့ရရှာမဲ့နာကျင်မှုတွေကို တွေးတွေးပြီး ရင်နာနေတော့တာပေါ့။ သူ့သမီးသေသွားခဲ့ပေမဲ့လည်း ဒီလိုဒုက္ခမျိုးကို တခြားမိန်းကလေးတွေမခံစားရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ လောဘသားကောင်တွေရဲ့လုပ်ရပ်တွေကို မြေလှန်ပြီး ဖျက်ဆီးပါတော့တယ်။ ကံကြမ္မာဟာ ဒီမိသားစုလေးကို ဘယ်လိုကျီစယ်ခဲ့လေသလဲ။ ဘယ်လိုတွေဆက်ပြီးကျီစယ်သွားဦးမှာလဲ။ "ဘယ်သူသေသေ ငတေမာရင်ပြီးရော"ဆိုတဲ့ စိတ်ဓာတ်မျိုးရှိကြတဲ့ လူချမ်းသာတွေရဲ့အာဏာရှင်တွေကရော ဘယ်လိုအဆုံးသတ်သွားမလဲ... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း