ဇာတ်ကားများ ရွေးရန်

Hari Hara Veera Mallu

2025ဇာတ်ကားWeb-dl 1080p

၁၇ ရာစု မဂိုအင်ပါယာရဲ့ တန်ခိုးအာဏာထွန်းတောက်နေချိန်… ပြည်သူတွေရဲ့ မျှော်လင့်ချက်တို့ မှေးမှိန်နေချိန်မှာ ဒဏ္ဍာရီလာ သူရဲကောင်းတစ်ယောက် ပေါ်ထွက်လာခဲ့ပါတယ်။ သူဟာ ဥပဒေရဲ့အပြင်ဘက်ကနေ ရပ်တည်ပြီး အုပ်စိုးရှင်တို့ရဲ့ မတရားမှုကို ဆန့်ကျင်သူ၊ ဆင်းရဲသားတို့ရဲ့ အားကိုးရာဖြစ်လာသူပါ။ သူ့ရဲ့အဓိကပန်းတိုင်ကတော့ သာမန်မဟုတ်ပါဘူး။ မဂိုဘုရင်ရဲ့ ပလ္လင်ပေါ်က ကမ္ဘာကျော် "ကိုဟီနူး" စိန်ကြီးကို ပြန်လည်ယူငင်ပြီး ပြည်သူတွေအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ဟာ သူ့ရဲ့ဓားသွားထက် သူ့ရဲ့ခွန်အားဗလထက် ပိုမိုကြီးမားတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို တောင်းဆိုနေပါတယ်။ ဒီဇာတ်လမ်းမှာ အင်အားကြီးမားတဲ့ရန်သူကို လက်နက်နဲ့ ရင်ဆိုင်ရုံသာမက ယုံကြည်ချက်၊ ဇွဲလုံ့လနဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားကိုပါ အရင်းတည်ပြီး တိုက်ခိုက်ရမဲ့ မော်ကွန်းတစ်ပုဒ်ဖြစ်ကြောင်း ဖော်ညွှန်းနေပါတယ်။ ခမ်းနားတဲ့သမိုင်းနောက်ခံမှာ ရင်ခုန်စရာကောင်းတဲ့ စွန့်စားခန်းတွေနဲ့အတူ အင်ပါယာတစ်ခုလုံးကို တစ်ယောက်တည်း ထိပ်တိုက်ရင်ဆိုင်မဲ့ သူရဲကောင်းတစ်ဦးရဲ့ ဇာတ်လမ်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း