ဇာတ်ကားများ ရွေးရန်

Mask

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ ရွေးကောက်ပွဲအတွက် စုဆောင်းထားတဲ့ တရားမဝင်ငွေကြေး ကုဋေ ၄၄၀ ရုတ်တရက် ဓားပြတိုက်ခံလိုက်ရတဲ့ ဖြစ်စဉ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီငွေတွေက တရားမဝင်ငွေတွေဖြစ်တဲ့အတွက် ပိုင်ရှင်တွေက ရဲတိုင်လို့မရဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုက်ရှာရတဲ့အခါမှာတော့ ပုဂ္ဂလိက စုံထောက်တစ်ယောက်၊ အာဏာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ မထင်မှတ်ထားတဲ့ သာမန်လူတန်းစားတစ်စုတို့ရဲ့ ကြားက ပဋိပက္ခတွေကို စိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပါ။ ငွေကြေးနောက်ကွယ်က လောဘ၊ အာဏာနဲ့ လက်စားချေမှုတွေကို တစ်လွှာချင်းစီ ခွာချပြသွားပြီး ဘယ်သူက မုဆိုး၊ ဘယ်သူက သားကောင်လဲဆိုတာကို ခန့်မှန်းရခက်အောင် ဆွဲခေါ်သွားမဲ့ ဇာတ်လမ်းမျိုးပါ။ ဇာတ်လမ်းရဲ့ အနှစ်သာရကတော့ အဖိနှိပ်ခံ လူလတ်တန်းစားတွေက သူတို့ရဲ့ ဘဝတွေကို ဖျက်ဆီးခဲ့တဲ့ အာဏာရှင်တွေကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီးမှ ပြန်လည်တုံ့ပြန်တဲ့ စစ်ပွဲတစ်ပွဲအကြောင်းပါပဲ။ ဇာတ်ရှိန်အနိမ့်အမြင့်၊ မထင်မှတ်ထားတဲ့ ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့အတူ အဆုံးထိ ရင်ခုန်စွာ ကြည့်ရှုရမဲ့အပြင် တရားမျှတမှုဆိုတာ ဘာလဲဆိုတာကိုပါ မေးခွန်းထုတ်စရာ ဖြစ်စေမဲ့ ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွတ်တမ်း ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း