Theri
ဒီဇာတ်ကားလေးကတော့ မင်းသား ဗီဂျေးရဲ့ ကလဲ့စားချေတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ သမီးလေး နီဗီကို အရမ်းချစ်တဲ့ ဘေဘီဆိုတဲ့ အဖေဟာ ကိုယ်ပိုင်ပေါင်မုန့်ဖုတ်ဆိုင်လေးမှာ အလုပ်လုပ်ရင်း သမီးလေးကို ကျောင်းပို့ကျောင်းကြိုလုပ်ပြီး ဘဝကို သားဖနှစ်ယောက်တည်း အေးအေးချမ်းချမ်း ဖြတ်သန်းနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာ နီဗီရဲ့ဆရာမနဲ့ ပြဿနာဖြစ်တဲ့ လူဆိုးအုပ်စုတစ်ခုကြောင့် ဘေဘီတစ်ယောက် ရဲစခန်းကို တိုင်ချက်ဖွင့်ဖို့ မသွားချင်ဘဲသွားလိုက်ရချိန်မှာ ရဲအရာရှိက ဘေဘီကို တစ်နေရာရာမှာ မြင်ဖူးနေသလိုအကြည့်မျိုးနဲ့ သံသယဝင်ခဲ့တယ်။ ဒါဆို ဘေဘီက ရဲစခန်းကို ဘာလို့မသွားချင်ရတာလဲ၊ ရဲအရာရှိက ဘာကို သတိထားမိသွားတာလဲဆိုတာ ဘေဘီရဲ့ အတိတ်မှာ ဘာတွေဖြစ်ခဲ့ပြီး ယခုလက်ရှိမှာ အဲ့ဒီအတိတ်ကအကြောင်းအရာတွေက ဘယ်လိုပြန်ပြီး အသက်ဝင်လာမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားမှာ ဗီဂျေးကူမာရ် အဖြစ် မင်းသား Vijay ၊ စမီတာ အဖြစ် မင်းသမီး Samantha Ruth Prabhu နဲ့ အန်နီ အဖြစ် မင်းသမီး Amy Jackson တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း