ဇာတ်ကားများ ရွေးရန်

Maari 2

2018ဇာတ်ကားအမှတ် 5.6/10150 မိနစ်

၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Maari ရဲ့အဆက်မှာလည်း လူမိုက်မာရီကို အက်ရှင်ခန်းတွေနဲ့အတူ ပြန်တွေ့ရပါတယ်။ မာရီနဲ့ သူ့သူငယ်ချင်း ကာလိုင်တို့ဟာ တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ နာမည်ကြီးတဲ့ လူမိုက်နှစ်ယောက်ပါ။ ပွဲပေါင်းများစွာ နွှဲခဲ့ကြပြီး သူတို့လက်ချက်နဲ့ အရိုက်ခံခဲ့ရသူတွေလည်း မနည်းတော့ဘူး။ ကာလိုင့်မှာ ဗာလာဝမ်ဆိုတဲ့ ညီတစ်ယောက်ရှိပြီး မာရီကိုတော့ အာနန်ဒီဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးက အသည်းအသန် လိုက်နေပါတယ်။ သူတို့ရဲ့ပြိုင်ဘက်က ကိုကင်းမှောင်ခိုလုပ်ငန်းနဲ့ ရပ်တည်နေတဲ့ လူမိုက်ကြီး ဆင်ဂါယာပါ။ လူမိုက်ဘဝမှာ ရန်သူတွေ များနေတဲ့အပြင် ကိုယ်ရိုက်ခဲ့ဖူးသူတွေကလည်း အငြိုးမပြေဘဲ ရှိနေနိုင်တယ်။ ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို မေ့သွားတတ်ပေမယ့် အကျိုးဆက်တွေက ပြန်ရောက်လာနိုင်သလို သွေးရင်းသားရင်းကြားက သစ္စာဖောက်မှုမျိုးလည်း ရှိနိုင်ပါတယ်။ မာရီရဲ့ဘဝထဲကို အာနန်ဒီ ဝင်ခွင့်ရလာမလား။ မာရီကရော နောက်ကွယ်က တိုက်ခိုက်မှုတွေနဲ့ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုတွေကို ရှောင်နိုင်ပါ့မလား၊ သူလုပ်ခဲ့တဲ့ မိုက်ပြစ်တွေကို ပြန်ဆေးကြောနိုင်ဦးမလားဆိုတာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း