The Toxic Avenger
Tomatoes 71% ဇာတ်လမ်းအကျဉ်း မယ်ဗင်ဆိုတဲ့ ကောင်လေးတစ်ယောက်က ထရွန်မာဗီလ်ဆိုတဲ့မြို့မှာနေထိုင်ပြီး သူတို့မြို့ရဲ့ Health Club တစ်ခုမှာ သန့်ရှင်းရေးလုပ်တယ်။ ပိန်ပိန်ညောင်ညောင်နဲ့ အူကြောင်ကြောင်ပုံစံဖြစ်တော့ လေ့ကျင့်ခန်းလာလုပ်ကြတဲ့ ဗလကြီးတွေက သူ့ကိုမကြာခဏဆိုသလို နောက်ပြောင်ကြတယ်။ အဲဒီထဲမှာ ဘိုဇိုဆိုတဲ့ဘူလီကောင်ဦးဆောင်တဲ့ အဖွဲ့ကအဆိုးဆုံးပဲ။ တစ်နေ့တော့ ဘိုဇိုတို့အဖွဲ့က မယ်ဗင်ကိုလှည့်စားပြီး ကလပ်တစ်ခုလုံးရှေ့မှာ အရှက်တကွဲအကျိုးနည်းဖြစ်စေတဲ့အထိ စနောက်လိုက်ကြတယ်။ သူလည်းတအားရှက်သွားတော့ ထွက်ပြေးရင်း မှန်ပြတင်းပေါက်ကနေ ပြုတ်ကျကာ သူတို့ကလပ်ရှေ့တည့်တည့်မှာ ခဏလာနားနေတဲ့ ရေဒီယိုဓာတ်သတ္တိကြွဓာတုစွန့်ပစ်ပစ္စည်းတွေထဲကို ပြုတ်ကျသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူက စူပါလူသားပုံစံပြောင်းသွားကာ ခွန်အားတွေလည်းကြီးလာတော့တယ်။ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ သူ့ကို အားလုံးက မကောင်းဆိုးဝါးအကောင်ကြီးလို့ ခေါ်ကြရာကနေ ဘယ်လိုဘယ်ပုံနဲ့ မြို့ရဲ့လူစွမ်းကောင်းဖြစ်လာမလဲ။ ဒါရိုက်တာ Lloyd Kaufman ဖန်တီးတဲ့ The Toxic Avenger franchise က ၁၉၈၄ ခုနှစ်မှာ ပထမဆုံးစတင်အသက်သွင်းခံရပြီးနောက် ၁၉၈၉ ခုနှစ်မှာ Part II နဲ့ Part III ဆက်လက်ထွက်ရှိခဲ့ပါသေးတယ်။ ရိုက်ကောင်းကောင်းနဲ့ ရိုက်လိုက်တာ တအားရှည်သွားလို့ဆိုပြီး နှစ်ကားခွဲထုတ်လိုက်ရတဲ့ Part II နဲ့ Part III တွေက ပထမဇာတ်ကားလောက် အောင်မြင်မှုသိပ်မရခဲ့ပါဘူး။ ၂၀၀၀ ပြည့်နှစ်မှာ The Toxic Avenger IV ဆိုပြီးထွက်လာတော့ ပထမဇာတ်ကားကိုပဲ ချိတ်ဆက်ထားခဲ့တယ်။ ၂၀၂၅ ခုနှစ်မှာတော့ ၁၉၈၄ ခုနှစ်ကထွက်ခဲ့တဲ့ ပထမဆုံးဇာတ်ကားကို remake အနေနဲ့ ပြန်လည်ချပြလာတယ်။ Comic Book Series ကနေ ပြန်လည်အသက်သွင်းတာဖြစ်ပြီး TV series တွေ Musical တွေ Video Games တွေပါရှိတဲ့ Media Franchise တစ်ခုဖြစ်တယ်။ Horror/ Comedy စူပါဟီးရိုးရုပ်ရှင်အမျိုးအစားတွေဖြစ်ပြီး အဖော်အချွတ်ခန်းတွေ တော်တော်လေးများတဲ့ ရုပ်ရှင်တွေဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း