Fright Night
သရဲကားတွေကို စွဲစွဲလမ်းလမ်းကြည့်တတ်တဲ့ ချာလီဘရူးစတားတို့အိမ်ဘေးက ပြိုပျက်လုနီးပါး အိမ်တစ်လုံးကို ဂျယ်ရီဒန်းဒရစ်ဂ်ျဆိုတဲ့ လူတစ်ယောက် ပြောင်းလာပါတယ်။ ဂျယ်ရီက အိမ်ဟောင်းတွေ ပြန်ပြင်ရောင်းပြီး အသက်မွေးသူပါ။ နေ့ခင်းဆို မတွေ့ရသလောက်ဖြစ်ပြီး ညဘက်မှ ထွက်လာတတ်တဲ့ သူရောက်လာပြီးနောက် အနီးတစ်ဝိုက်မှာ လက်သည်မပေါ်တဲ့ လူသတ်မှုတွေ ဖြစ်လာတယ်။ အသတ်ခံရတဲ့ မိန်းကလေးတစ်ယောက်ကို မသေခင်တုန်းက ဂျယ်ရီ့အိမ်ဆီ လာတာ မြင်ဖူးကြောင်း ချာလီ သတိထားမိသွားပါတယ်။ ဘေးအိမ်ကို စောင့်ကြည့်နေရာက တစ်ညမှာတော့ ဂျယ်ရီဟာ သူကြိုက်တဲ့ ရုပ်ရှင်တွေထဲကလို သွေးစုပ်ဖုတ်ကောင်ဖြစ်နေမှန်း ချာလီ သိလိုက်ရတယ်။ ပြဿနာက ချာလီသိသွားတဲ့အကြောင်းကို ဂျယ်ရီကပါ ရိပ်မိသွားတာပါ။ သက်သေဖျောက်ဖို့ ဂျယ်ရီက သူ့ကို အန္တရာယ်ပြုလာတဲ့အခါ ချာလီဟာ သူအကြိုက်ဆုံး သရဲရုပ်ရှင်မင်းသား ပီတာဗင်းဆန့်ဆီ အကူအညီတောင်းပြီး ချစ်ရသူတွေကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ ဒီကားက ၂၀၁၁ ခုနှစ်မှာ ပြန်လည်ရိုက်ကူးခဲ့တဲ့ Fright Night ရဲ့ မူလဇာတ်ကားပါ။ Horror ဆုတွေရရှိထားပြီး ရိုက်ကွင်းမှာ ဖန်တီးအသုံးပြုထားတဲ့ အထူးပြုလုပ်ချက်တွေအကြောင်းကိုလည်း မူရင်းအညွှန်းမှာ ထည့်ပြောထားတယ်။ Nosferatu၊ Dracula တို့ကို မှီငြမ်းထားတဲ့ စတီဖင်ကင်းရဲ့ Salem's Lot လွှမ်းမိုးမှုရှိကြောင်းနဲ့ ဖိတ်ခေါ်မှ သွေးစုပ်ဖုတ်ကောင် အိမ်ထဲဝင်နိုင်တယ်ဆိုတဲ့ အယူအဆကို ပိုထင်ရှားစေခဲ့ကြောင်းလည်း သုံးသပ်ထားပါတယ်။
ဇာတ်လမ်းအကြောင်း