ဇာတ်ကားများ ရွေးရန်

Feed Me

2022ဇာတ်ကားအမှတ် 5.1/1096 မိနစ်

ဇနီးသည်ဆုံးသွားပြီးနောက် ဂျိတ်ဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း ယူကျုံးမရဖြစ်နေပါတယ်။ ဇနီးသည်ရဲ့ပုံရိပ်ကို ထင်ယောင်ထင်မှား မြင်နေရသလို စိတ်ကျဝေဒနာနဲ့ စိတ်ဒဏ်ရာတွေကိုလည်း ခံစားနေရတယ်။ ဒီလိုအခြေအနေမှာ အရက်ဆိုင်က သူစိမ်းတစ်ယောက်က သူ့ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဖယ်ရှားပေးနိုင်တယ်ဆိုပြီး ချဉ်းကပ်လာပါတယ်။ သူစိမ်းရဲ့ကမ်းလှမ်းချက်ကတော့ သေချင်နေတဲ့ ဂျိတ်ကို တဖြည်းဖြည်း သတ်ပေးမယ်၊ ဂျိတ်ရဲ့အသားကို သူစားမယ်ဆိုတဲ့ ထူးဆန်းတဲ့ အပေးအယူပါ။ ဇနီးသည်သေဆုံးမှုအတွက် အပြစ်တင်စိတ်တွေနဲ့ ပြည့်နေတဲ့ ဂျိတ်က ဒီကမ်းလှမ်းချက်ကို လက်ခံလိုက်ပါ့မလား။ ဟာသအမည်းနဲ့ ထိတ်လန့်စရာတွေကို ရောထားတဲ့ ဒီဇာတ်ကားမှာ လူသားစားတဲ့အကြောင်းနဲ့ သွေးသံရဲရဲ ပြကွက်တွေ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း