ဇာတ်ကားများ ရွေးရန်

Reunion Z

2018ဇာတ်ကားအမှတ် 6.0/1096 မိနစ်

Reunion Z (2018) IMDb..... 6.0 ဇီနစ်အထက်တန်းကျောင်းမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ၉၇ခုနှစ်ကျောင်းဆင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်ခဲ့ကြပြီး ၉၇ခုနှစ်ကျောင်းဆင်းတွေထဲမှာ ကာဂွတ် အယ်ဒန်ဆိုတဲ့ ကျောင်းတီးဝိုင်းလေးရှိနေပါသေးတယ်။ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံတဲ့ပွဲလေးမှာ ကာဂွတ်အယ်ဒန်တီးဝိုင်းအဖွဲ့ဝင်တွေလည်း ပြန်လည်ဆုံတွေ့ခဲ့ကြသလို အရင်ကတော့ တီးဝိုင်းကိုအောင်မြင်အောင်လုပ်ဖို့ ရည်မှန်းချက်တွေ တူခဲ့ပေမဲ့ အသက်အရွယ်ရလာတဲ့အချိန်မှာတော့ ကိုယ့်အလုပ်နဲ့ကိုယ် အိမ်ထောင်ကျသူကျ ဖြစ်လို့နေပါတော့တယ်။ အဲဒီလို အနှစ်နှစ်ဆယ်ကြာပြီးမှ ပြန်လည်တွေ့ဆုံကြတဲ့ သူငယ်ချင်းတွေရဲ့ တွေ့ဆုံပွဲမှာ မမျှော်လင့်ဘဲ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံလာရတဲ့အခါ... အဲဒီအဖြစ်ကလည်း စမ်းသပ်ခံမျောက်ရဲ့ ကုတ်ခြင်းကို ခံလိုက်ရတဲ့ လမ်းဘေးအသားလုံးဈေးသည်ရဲ့ အသားလုံးဟင်းရည်ကို သောက်လိုက်မိရာက‌နေ စတင်ခဲ့တယ်ဆိုတာပါပဲ... ဗိုင်းရပ်စ်ကိုက်ခံထားရတဲ့မျောက်ကနေ ကုတ်ခံလိုက်ရတဲ့ လမ်းဘေးဈေးသည်ကို ကူးစက်ခံရကာ လမ်းဘေးဈေးသည်ရဲ့ အသားလုံးဟင်းချိုကိုစားလိုက်ရတဲ့သူတွေက တစ်ဆင့်ခံ ပြန်လည်ကူးစက်ပြီးတော့ ဇွန်ဘီတွေလို ဖြစ်ကုန်ကြပါတော့တယ်။ ဒီလိုနဲ့ ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲမှာ ဗိုင်းရပ်စ်ကိုက်ခံရသူများ ကူးစက်ခံရကာ ဘယ်သူတွေက ဘယ်လိုကူးစက်ကုန်ပြီး ဘယ်သူတွေက ဘယ်လိုလွတ်မြောက်လာမလဲဆိုတာကို ဟာသလေးတွေနှောကာ ရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File Size : 1.55GB/ 720MB Quality : NF WEB-DL 1080p 5,1CH/ 720p Format…mp4 Duration…1hr 38m Genre : Comedy, Horror Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း