ဇာတ်ကားများ ရွေးရန်

Naanum Rowdydhaan

2015ဇာတ်ကားအမှတ် 6.4/10140 မိနစ်

ကာဒမ်ဘရီရဲ့အဖေဟာ ရဲတစ်ယောက်ပါ။ လူမိုက်တစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ရာက ဇနီးကို ဆုံးရှုံးလိုက်ရသလို သမီး ကာဒမ်ဘရီလည်း နားမကြားတော့တဲ့အဖြစ်ကို ရောက်သွားပါတယ်။ အဖေက ဒီသွေးကြွေးကို ပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားပေမယ့် ရက်အတော်ကြာတဲ့အထိ ပြန်မလာတော့ဘူး။ အဖေ့ကို လိုက်ရှာတဲ့ ကာဒမ်ဘရီဟာ ဗရုတ်ကျတဲ့ ပန်ဒီနဲ့ အမှတ်မထင် ဆုံမိပါတယ်။ ပန်ဒီက သူ့ကို မြင်မြင်ချင်း သဘောကျသွားပြီး အဖေဖြစ်သူကို ရှာပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ ကလဲ့စားချေမယ့်လမ်းခရီးက ဘယ်လိုဆက်ဖြစ်မလဲ၊ ပန်ဒီကရော သူမျှော်လင့်နေတဲ့အချစ်ကို ရနိုင်မလား။ ဗီဂျေးစည်သူပတီနဲ့ Nayanthara တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း