Duyen Ma
မင်န်က တစ်ကိုယ်တည်းနေတဲ့ ရိုးသားကြိုးစားသူ ကောင်လေးတစ်ယောက်ပါ။ ကားမတော်တဆမှုတစ်ခုကြောင့် အသက်ဆုံးသွားတဲ့အခါ ကိုယ်သေသွားပြီဆိုတာကို လက်မခံနိုင်သေးဘဲ ဝိညာဉ်ဘဝနဲ့ သွားစရာနေရာမရှိ ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ သူ့ကို နော့ဆိုတဲ့ ကောင်မလေးက အိမ်ခေါ်လာခဲ့တယ်။ နော့က သရဲနဲ့ဝိညာဉ်တွေကို မြင်နိုင်သူဖြစ်ပြီး သူခင်မင်တဲ့ ဝိညာဉ်တချို့နဲ့အတူ နေထိုင်နေတာပါ။ နော့က မင်န်ကို သူ့အိမ်က ဝိညာဉ်တွေနဲ့အတူ နေခွင့်ပေးပြီး ဝိညာဉ်ဘဝမှာ နေသားကျလာအောင် ကူညီပေးပါတယ်။ အဲဒီလို ကူညီပေးနေရင်း နှစ်ယောက်ကြားမှာ သံယောဇဉ်တွယ်လာပြီး အချစ်ဖြစ်လာကြတယ်။ ဒါပေမယ့် တစ်ယောက်က လူ၊ တစ်ယောက်က ဝိညာဉ်ဖြစ်နေတာကြောင့် သူတို့အချစ်မှာ ဘယ်လိုအခက်အခဲတွေ၊ အနှောင့်အယှက်တွေ ရှိလာမလဲဆိုတာ ဆက်ပြထားတဲ့ ဗီယက်နမ်အချစ်ဇာတ်လမ်းပါ။
ဇာတ်လမ်းအကြောင်း