ဇာတ်ကားများ ရွေးရန်

Citizen Toxie: The Toxic Avenger IV

2001ဇာတ်ကားအမှတ် 6.1/10109 မိနစ်

IMDb 5.8, Rotten Tomatoes 64% ဒီရုပ်ရှင်ကတော့ ၁၉၈၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ပထမဦးဆုံး တော့စစ်အဗန်ဂျာရုပ်ရှင်နဲ့ ချိတ်ဆက်ထားတာပါ။ ကြားထဲက Part II/ Part III နဲ့လုံးဝမသက်ဆိုင်ပါဘူး။ ပထမဇာတ်ကားမှာ တော့စီရဲ့ ကောင်မလေးနာမည်က ဆယ်ရာဖြစ်ခဲ့ပြီး Part II နဲ့ Part III မှာတော့ ကလဲရ်ဆိုတဲ့ မျက်မမြင်မလေး ဖြစ်နေခဲ့တာပါ။ ဒီဇာတ်ကားမှာ တော့စီရဲ့ ကောင်မလေးနာမည်ကစလို့ ပထမဆုံးဇာတ်ကားနဲ့ ပြန်တူသွားတာကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း အထူးလိုအပ်ချက်ရှိကလေးများအတွက် စာသင်ကျောင်းတစ်ကျောင်းကို အကြမ်းဖက်အဖွဲ့တစ်ခုက ဝင်ရောက်စီးနင်းထားတဲ့အတွက် တော့စီက ကလေးတွေကိုဝင်ကယ်ပေးရင်း တခြားဒိုင်မန်းရှင်းထဲကို ရောက်သွားပါတယ်။ အဲဒီဒိုင်မန်းရှင်းမှာက တော့စစ်အဗန်ဂျာမဟုတ်ဘဲ နော့ရှက်စ်အော်ဖန်ဒါဆိုပြီး လုံးဝကိုဆိုးသွမ်းတဲ့ပုံစံတူ တစ်ဦးရှိပါတယ်။ ကမ္ဘာနှစ်ခုမှာ ပြင်းအားတူတဲ့ပေါက်ကွဲမှုတစ်ခု တပြိုင်နက်တည်း ဖြစ်ပေါ်လာတဲ့အတွက် နှစ်ယောက်သားက တစ်ယောက်ရဲ့ကမ္ဘာထဲ တစ်ယောက် ဝင်သွားခဲ့ပါတယ်။ တော့စီက ဆိုးဝါးတဲ့ကမ္ဘာထဲဝင်သွားတဲ့အခါ သူ့ထုံးစံအတိုင်း ရာဇဝတ်မှုတွေကို လိုက်လံနှိမ်နင်းပေးပေမယ့်လို့ သူချစ်မြတ်နိုးရတဲ့ ထရွန်မာဗီလ်ကတော့ နော့စီကြောင့် မြို့သားတိုင်း ကျီးလန့်စာစားရတဲ့ အခြေအနေကို ရောက်သွားပါတယ်။ ဒီတော့ တော့စီတစ်ယောက် သူ့ရဲ့ကမ္ဘာဆီ၊ သူ့ရဲ့ချစ်သူဆီကို ပြန်နိုင်မလား။ ထရွန်မာဗီလ်ကရော ဘယ်လောက်အတိုင်းအတာထိ ပျက်စီးသွားဦးမှာလဲ။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း