Narik Sukmo
Narik Sukmo (2025) "ဝိညာဉ်ထွက်အက" အခုတစ်ခါမှာတော့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်တို့အတွက် အင်ဒိုဇာတ်ကားကောင်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အကဝါသနာပါတဲ့ ကောလိပ်ကျောင်းသူ ကေနာရ်ရဲ့ဇာတ်လမ်းကို အခြေပြုပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ကေနာရ်ကို သူ့ရဲ့သူငယ်ချင်းအာယူရဲ့ဇာတိမြို့ကို သွားရောက်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ ထိုရွာကတော့ ဂျာဗားအလယ်ပိုင်းနဲ့အရှေ့ပိုင်းနယ်နိမိတ်ကြားမှာတည်ရှိပြီး ဒေသခံများက အကအစဉ်အလာများ၊ယုံကြည်ကိုးကွယ်မှုများနဲ့ နက်နဲသော လျှို့ဝှက်ချက်တွေများတဲ့ တောင်ပေါ်ရွာလေးတစ်ရွာဖြစ်ပါတယ်။ အဲဒီရွာကိုရောက်သွားတဲ့ ပထမညကစပြီး ကေနာရ်ထူးဆန်းတာတွေနဲ့ကြုံတွေ့ရပါတယ်။ ရွာသားတွေရဲ့ မသင်္ကာဖွယ်ရာအကြည့်တွေခံရတဲ့အပြင် သူမကိုဝါးမျိုဖို့ကြိုးစားနေတဲ့ အရိပ်မဲကြီးဆိုတဲ့ အိပ်မက်ဆိုးကလည်း အမြဲခြောက်လှန့်နေခဲ့ပါတယ်။ ကေနာရ်အကြောက်ဆုံးအဓိကအချက်ကတော့ သူမရဲ့ခန္ဓာကိုယ်က သူမသတိမပြုမိဘဲ အလိုလိုနေရင်းကခုန်လာတာဖြစ်ပါတယ် ။ တစ်နေ့မှာတော့ ကေနာရ် အာယူတို့အိမ်ရဲ့တားမြစ်ထားတဲ့အခန်းထဲကို မတော်တဆဝင်ရောက်မိသွားရာမှ သူမကြုံတွေ့နေရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ပိုမိုဆိုးရွာလာပါတော့တယ်။ နောက်ပိုင်းဘာတွေဆက်ဖြစ်မလဲ။ ဒီသဘာဝလွန်ဖြစ်ရပ်နောက်ကွယ်က အမှန်တရားကို ကေနာရ်တို့ဘယ်လိုရှာဖွေဖော်ပြကြမလဲဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုခံစားပေးကြပါဦး။ File size… 1 GB / 500 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း