Phone Bhoot
မေဂျာနဲ့ ဂူလူးက အလုပ်အကိုင်မရှိတဲ့ လူငယ်နှစ်ယောက်ပါ။ ငယ်ငယ်ကတည်းက သရဲကားတွေကြည့်လာကြပြီး မကောင်းဆိုးဝါးနှိမ်နင်းသူ ဖြစ်ချင်နေကြတယ်။ တစ်နေ့ တောင်ကုန်းတစ်ခုကို တူးရင်း ရာကာဆိုတဲ့ အရုပ်တစ်ရုပ်ကို ရလာတော့ အိမ်ငှားခ ပေးနိုင်ဖို့အတွက် အဲဒီအရုပ်ဆီမှာ ဆုတောင်းကြပါတယ်။ ဟော်လိုးဝင်းပါတီ လုပ်ကြတဲ့အခါ အရုပ်ရဲ့မျက်လုံးကို ထိခိုက်မိသွားတယ်။ မီးတွေနဲ့ ပြန်ပြင်ဖို့ ကြိုးစားရင်း နှစ်ယောက်လုံး ဓာတ်လိုက်ပြီး သတိလစ်သွားကြရာက ရာဂီနီဆိုတဲ့ သရဲမလေးနဲ့ တွေ့ကြပါတယ်။ ရာဂီနီက သူတို့နဲ့ အပေးအယူတစ်ခုလုပ်ပြီး ဖြစ်ချင်နေတဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူတွေ ဖြစ်လာအောင် ကူညီပေးနိုင်တယ်လို့ ပြောလာတယ်။ မေဂျာနဲ့ ဂူလူးက အဲဒီအကြံကို အသုံးချပြီး “ဖုန်းသရဲ” ဆိုတဲ့ အက်ပ်တစ်ခု တီထွင်လိုက်ကြပါတယ်။ မကောင်းဆိုးဝါးပူးခံရသူတွေ ဖုန်းခေါ်ပြီး အကူအညီတောင်းနိုင်အောင် လုပ်ထားတာပါ။ ဒီအက်ပ်ကနေ သူတို့နှစ်ယောက် ဘာတွေ ဆက်ကြုံရမလဲ၊ ဘယ်လို အလွဲအချော်တွေ လုပ်ကြဦးမလဲဆိုတာကို ကက်ထရီနာ၊ အီရှန်းခသရ်နဲ့ ဆစ်ဒန့်သ်ချတူးဗေဒီးတို့ ပါဝင်ထားတဲ့ သရဲဟာသဇာတ်လမ်းမှာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း