ဇာတ်ကားများ ရွေးရန်

Weird: The Al Yankovic Story

2022ဇာတ်ကားအမှတ် 6.7/10108 မိနစ်

သီချင်းတွေကို ဟာသသရော်ပုံစံ ပြန်ဖန်တီးရာမှာ လူသိများတဲ့ Weird Al ရဲ့အကြောင်းကို ဒီတစ်ခါတော့ အတ္ထုပ္ပတ္တိဇာတ်ကားကိုယ်တိုင် ဟာသသရော်ထားတဲ့ပုံစံနဲ့ ပြထားပါတယ်။ ဇာတ်ညွှန်းကို Weird Al ကိုယ်တိုင် ပူးတွဲရေးသားထားပြီး သူ့နေရာမှာ ဟယ်ရီပေါ်တာမင်းသားက သရုပ်ဆောင်ထားတာပါ။ သူ့ဘဝဖြစ်ရပ်တွေကို အခြေခံပြီး ပြန်ဖန်တီးထားပေမယ့် ဟာသပြုထားတဲ့ ဇာတ်လမ်းဖြစ်လို့ ပါသမျှဟာ အဖြစ်မှန်လို့ ယူဆလို့တော့ မရပါဘူး။ ဇာတ်လမ်းထဲမှာ ပေါ့ပ်အဆိုတော် မက်ဒေါနားနဲ့ အချစ်ဇာတ်လမ်းလည်း ပါဝင်ပါတယ်။ Weird Al ပြောပြထားတာအရ သူ့အကြောင်း အွန်လိုင်းမှာ ရှာကြတဲ့ မေးခွန်းတွေထဲမှာ သူနဲ့ မက်ဒေါနား တကယ်ပတ်သက်ခဲ့ဖူးသလားဆိုတာက အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဇာတ်လမ်းအကြောင်း