Rangasthalam
၁၉၈၀ ပြည့်နှစ်တွေက ရန်ဂက်စ်တလန်ဆိုတဲ့ ရွာလေးမှာ ချစ်တီးဘာဘူဟာ လယ်တွေကို ရေသွင်းတဲ့အလုပ် လုပ်နေပါတယ်။ သူက မွေးရာပါ နားလေးပေမယ့် မဟုတ်မခံတတ်တဲ့သူပါ။ မျက်စိရှေ့မှာ မတရားတာတွေ့ရင် ဝင်ရင်ဆိုင်ဖို့ နှစ်ခါစဉ်းစားနေတတ်သူ မဟုတ်ဘူး။ ရွာထဲမှာတော့ ရွာသားတွေကို ငွေချေးပြီး အတိုးအဆမတန်ယူကာ ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ကို နောက်ကွယ်က ချုပ်ကိုင်ထားသူက နှစ်သုံးဆယ်ဆက်တိုက် သူကြီးဖြစ်နေတဲ့သူပါ။ သူနဲ့ ထိပ်တိုက်တွေ့သူတွေ အသက်ဆုံးရှုံးရလေ့ရှိတာကြောင့် ရွာသားတွေက ကြောက်ပြီး မရင်ဆိုင်ရဲကြဘူး။ ဒါပေမဲ့ ဒူဘိုင်းကနေ ပြန်လာတဲ့ ပညာတတ် ကူမာရ်ဘာဘူကတော့ ဒီအဖွဲ့ကို ရင်ဆိုင်ပြီး သူကြီးနေရာ ဝင်ပြိုင်မယ်လို့ စိန်ခေါ်လိုက်ပါတယ်။ ကူမာရ်ဟာ ချစ်တီးဘာဘူရဲ့ အစ်ကိုပါ။ မတရားမှုကို ဆန့်ကျင်ရင်း သူကြီးအဖွဲ့နဲ့ ထိပ်တိုက်တွေ့လာတဲ့ အစ်ကိုကို ချစ်တီးဘာဘူ ဘယ်လိုကာကွယ်ပေးမလဲဆိုတာ ဆက်တွေ့ရမှာပါ။ ရမ်ချရန်း ပါဝင်သရုပ်ဆောင်ထားပြီး အက်ရှင်ခန်းတွေနဲ့ သီချင်းတွေလည်း ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း