ဇာတ်ကားများ ရွေးရန်

Sarvam Maya

2025ဇာတ်ကားအမှတ် 8.8/10147 မိနစ်

Sarvam Maya (2025) ကံကြမ္မာ မာယာ အင်ဒူးဟာ ပုဏ္ဏားမိသားစုက ဆင်းသက်လာသူဖြစ်ပေမဲ့ ရှေးရိုးစွဲတွေကို အယုံအကြည်မရှိတာကြောင့် ဘာသာမဲ့တစ်ယောက်အဖြစ်ခံယူပြီး ဝါသနာပါရာဂစ်တာသမားအဖြစ် မြို့ပေါ်တက်ပြီး အသက်မွေး၀မ်း ကျောင်းပြုနေသူပါ။ ဒါပေမဲ့ သူတို့တီးဝိုင်း တခြားနိုင်ငံတစ်ခုကို ပွဲသွားတီးပေးရမယ့်အချိန်မှာ ကန်ထရိုက်တွေရဲ့ ဖြတ်စားမှုတွေ ကြောင့် အင်ဒူးတစ်ယောက်တည်းကျန်ခဲ့ပြီး ဝင်ငွေပါပြတ်သွားတာကြောင့် ဇာတိရွာကိုပြန်လာရပါတယ်။ ဝင်ငွေမရှိတဲ့အင်ဒူးဟာ ရွေးစရာမရှိတဲ့အဆုံး သူ့အစ်ကိုဝမ်းကွဲနောက်လိုက်ပြီး အချိန်ပိုင်းပုဏ္ဏားအဖြစ် ပူဇော်ပွဲတွေလိုက်လုပ်ပေးနေရပါတယ်။ အဲဒီလို အချိန်ပိုင်းပုဏ္ဏားအဖြစ်ကနေ သူတစ်ယောက်တည်းသွားလုပ်ပေးရတဲ့ အပနှင်ပွဲတစ်ခုကြောင့် ရုတ်တရက် နာမည်ကြီးသွားတဲ့အခါမှာတော့။ ဝါသနာနဲ့ ဝမ်းစာကြားထဲက ပြိုင်ဆိုင်မှုတွေကို ဇာတ်အိမ် ကောင်းကောင်းနဲ့ ကျေးလက်ဟာသရုပ်ရှင်အဖြစ် မြင်တွေ့ရမှာပါ။ File size… 2.33 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2hr 27mins Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း