Blood Barn
Blood Barn (2025) IMDb Rating (5.6) ဇာတ်လမ်းအကျဉ်း ၂၀၂၅ ဝန်းကျင်မှာ ထွက်ရှိလာတဲ့ Horror/Slasher ကားအသစ်လေးဖြစ်တဲ့ Blood Barn က သွေးပျက်ခြောက်ခြားစရာတွေကို 80s ကားဟောင်းတွေရဲ့ အရသာ (Retro Style) နဲ့ ရိုက်ကူးထားတာဖြစ်လို့ သည်းထိတ်ရင်ဖို ကြိုက်သူတွေအတွက်တော့ ကွက်တိပဲ။ ဇာတ်လမ်းကတော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ စိတ်လှုပ်ရှားစရာ ကောင်းတယ်။ နွေရာသီကျောင်းပိတ်ရက် အကုန်မှာ သူငယ်ချင်း (၇) ယောကဟာ သူတို့ရဲ့ နောက်ဆုံးပိတ် ပါတီလေး ဆင်နွှဲဖို့ မြို့ပြင်က ဝေးလံခေါင်ဖျားတဲ့ စပါးကျီဟောင်းကြီး (Barn) တစ်ခုဆီကို သွားခဲ့ကြတယ်။ အဲဒီစပါးကျီက ဇာတ်ဆောင်မလေး Josie ရဲ့ ဘိုးဘွားပိုင်နေရာပေါ့။ လူငယ်သဘာဝ ပျော်ကြပါးကြရင်းနဲ့မှ အဲဒီနေရာရဲ့ မှောင်မိုက်တဲ့ သမိုင်းကြောင်းနဲ့ မကောင်းဆိုးဝါး အင်အားစုတစ်ခုကို မတော်တဆ သွားနှိုးမိသလို ဖြစ်သွားတာပါ။ အဲဒီနောက်မှာတော့ သူတို့သူငယ်ချင်းတစ်စု တစ်ယောက်ပြီးတစ်ယောက် သွေးပျက်စရာ ကံကြမ္မာတွေနဲ့ ရင်ဆိုင်ရပြီး ဘယ်သူတွေ အသက်ရှင်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ ဒီကားက ခေတ်သစ် Horror ကားတွေလို CGI အလန်းစားတွေထက် Practical Effects (လက်နဲ့လုပ်ထားတဲ့ သွေးသံရဲရဲ မိတ်ကပ်တွေ၊ အရုပ်တွေ) ကို ပိုသုံးထားတယ်။ The Evil Dead လို ကားမျိုးတွေကို ပြန်သတိရစေမှာပါ။ Euphoria ထဲက မင်းသမီး Chloe Cherry လည်း ပါဝင်သလို၊ Lena Redford နဲ့ Andrea Bambina တို့က အဓိက သရုပ်ဆောင်ထားကြတယ်။ ရိုက်ချက်တွေက လက်ကိုင်ကင်မရာ (Handheld) တွေ သုံးထားတာများလို့ ပရိသတ်က ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ရောက်နေသလို ခံစားရစေတယ်။ အလင်းအမှောင်နဲ့ သွေးရောင်လွှမ်းတဲ့ အနီရောင် Lighting တွေကို အမိုက်စား သုံးထားတာ တွေ့ရမယ်။ ဒီကားက Slasher/Gory အမျိုးအစားဖြစ်လို့ သွေးထွက်သံယိုတွေကို အားမနာတမ်း ပြထားတာပါ။ ဒါကြောင့် သွေးသံရဲရဲ မြင်ရင် မူးတတ်တဲ့သူတွေအတွက်တော့ နည်းနည်း သတိထားကြည့်ဖို့ လိုမယ်နော်။ ဇာတ်လမ်းက အရမ်းကြီး ဆန်းသစ်မနေပေမယ့် အဟောင်းကို အသစ်ပြန်လုပ်ထားတဲ့ ခံစားချက်နဲ့ ကြည့်လို့ကောင်းတဲ့ Popcorn Movie လေးတစ်ခုပါ။ File Size : 1.49GB/ 740MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…1hr 16m Genre : Comedy, Horror Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း