My Boo 2
M_y B-o_o 2 (2-0-2-5) IMDB ⭐️ 7.5/10 “ဆုံဆည်းခွင့်မရှိတဲ့ နှောင်ကြိုးတစ်ခုဆိုရင်တောင် ဘဝအဆက်ဆက် မင်းကိုချစ်နေဦးမှာပါ..." ကဲ... ထိုင်း Rom-Com သရဲကားကောင်းကောင်းလေးတွေကို သဘောကျတဲ့ ပရိသတ်ကြီးအတွက် အရင်နှစ်ကမှ လူကြိုက်များခဲ့တဲ့ Bow Maylada ရဲ့ My Boo (Anong) ဇာတ်ကားရဲ့ အဆက် Part 2 အသစ်စက်စက်လေး ထွက်ရှိလာပါပြီခင်ဗျာ။ ပထမကားတုန်းကတော့ အမွေရထားတဲ့ သရဲခြောက်တဲ့အိမ်ကြီးကို သရဲအိမ် (Haunted House) အဖြစ် ပြောင်းပြီး ပိုက်ဆံရှာရင်း၊ အိမ်မှာရှိတဲ့ သရဲမလေး အနုန်နဲ့ လူသားလေး ဂျိုး တိုရဲ့ ကြည်နူးဆွေးမြည့်ဖွယ် အချစ်ဇာတ်လမ်းလေးကို ရယ်ရမလို ငိုရမလို ခံစားခဲ့ကြရတာ မှတ်မိကြဦးမှာပါ။ ဒီဒုတိယကားမှာတော့ ပိုပြီး စိတ်ကူးယဉ်ဆန်တဲ့ Fantasy Vibe မျိုးနဲ့ ပုံစံပြောင်းပြီး တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ ဂျိုးတစ်ယောက် အတိတ်ကို အချိန်ခရီးသွားနိုင်တဲ့ စွမ်းအားအသစ်တစ်ခုကို မထင်မှတ်ဘဲ ရရှိသွားရာကနေ စတင်ပါတယ်။ အဲဒီလိုနဲ့ လက်ရှိဘဝမှာ သူ့အိမ်ကြီးကို ခြောက်လှန့်နေတဲ့ သရဲမလေးဖြစ်သူ ချစ်သူရဲ့ အတိတ်ဘဝတွေကို ရှာဖွေဖို့အတွက် ဂျိုးတစ်ယောက် ခေတ်ကာလအမျိုးမျိုးဆီကို အချိန်တွေနောက်ဆုတ်ပြီး သွားရောက်ရတဲ့အခါ… ခေတ်အဆက်ဆက်မှာ သူတို့နှစ်ယောက် ဘယ်လိုတွေ ဖူးစာဆုံခဲ့ကြသလဲ။ အချိန်တွေနောက်ဆုတ်ပြီး သူ့ချစ်သူကို လိုက်ရှာရာမှာ ဘယ်လို ဟာသအလွဲအချော်တွေ ဆက်တိုက်ကြုံတွေ့ရမလဲဆိုတာကို ရယ်မောဖွယ်၊ ကြည်နူးဖွယ် ကြည့်ရှုရမှာပါ။ ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော Sutthirak Subvijitra (Gee) နဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး Maylada Susri (Bow) တို့ကပဲ အဓိက ခေါင်းဆောင် ပြန်လည်ပါဝင်ထားတဲ့အပြင် အဆိုတော်မင်းသား Timethai နဲ့ Chaleumpol အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေကပါ အားဖြည့်ထားပါတယ်။ Rom-Com Fantasy အမျိုးအစားလေးဖြစ်လို ပေါ့ပေါ့ပါးပါးနဲ့ အူတက်အောင်ရယ်ရမဲ့အပြင် ချစ်သူနှစ်ယောက်ရဲ့ သံယောဇဉ်ကိုပါ ခံစားရမဲ့ ဇာတ်ကားကောင်းလေးဖြစ်လို ခုပဲ ရှုစားလိုက်ကြပါဦးခင်ဗျာ။ File size…(1.6 GB)/970 Mb) Quality….Webrip 1080p / 720p Duration…. 01:56:55
ဇာတ်လမ်းအကြောင်း