ဇာတ်ကားများ ရွေးရန်

Return of the Living Dead Part II

1988ဇာတ်ကားအမှတ် 6.4/1089 မိနစ်

Return of the Living Dead Part II (1988) IMDb Rating (5.7) / Rotten Tomatoes (10%) ဇာတ်လမ်းကို စစ်တပ်သုံးကားတစ်စီးပေါ်ကနေ 2-4-5 Trioxin ဓာတ်ငွေ့အိုးတစ်လုံးမတော်တဆပြုတ်ကျကျန်ရစ်ခဲ့တာနဲ့စဖွင့်ထားပါတယ်။ ဂျက်ဆီဆိုတဲ့ ကောင်လေးနဲ့သူ့ကိုအနိုင်ကျင့်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာအဲ့ဒီအိုးကို သုသာန်နားက ရေမြောင်းထဲမှာသွားတွေ့ကြပါတယ်။ သူတို့က အဲ့ဒီအိုးကို ဖွင့်လိုက်မိပြီးတဲ့နောက်မှာတော့ဓာတ်ငွေ့တွေဟာ သုသာန်ထဲကိုပျံ့နှံ့သွားပြီး လူသေအလောင်းတွေ ပြန်နိုးထလာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲသင်္ချိုင်းထဲမှာ ဂူဖောက်ခိုးနေတဲ့ အက်ဒ်နဲ့ဂျိုဝီတို့နှစ်ယောက်ပါ ဇွမ်ဘီတွေကြားထဲမှာပိတ်မိသွားပြီး သူတို့တစ်စုဟာဖုတ်ကောင်ရန်ကိုတွန်းလှန်ရင်း လွတ်မြောက်ဖို့ကြိုးစားကြပါတော့တယ်။ ပထမဇာတ်လမ်းထက်စာရင် ဟာသဘက်ကိုပိုရောက်သလိုတကယ်လည်းရယ်ရပါတယ်။ RT နည်းပေမယ့်လည်းပရိသတ်တွေကြားမှာတော့ Cult Classic ဖြစ်နေဆဲ ဇာတ်ကားတစ်ကားဖြစ်ပြီး အထူးပြုလုပ်ချက်တွေနဲ့ဟော်ရာပိုင်းမှာလည်းလျော့မနေပါဘူး။ Michael Jackson ရဲ့ "Thriller" ထဲကဖုတ်ကောင်ပုံစံကိုထည့်ပြီးဟာသလုပ်ထားတဲ့တစ်ကွက်ဆိုရင် ပြောစမှတ်ကျန်ခဲ့တဲ့ ဇာတ်ကွက်တစ်ခုဖြစ်ခဲ့ပါတယ်။ File size… (2.6 GB) / (1.1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Horror Duration…. 01:30:08 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း