ဇာတ်ကားများ ရွေးရန်

Stung

2015ဇာတ်ကားအမှတ် 5.3/1087 မိနစ်

Stung (2015) IMDb Rating (5.1) / Rotten Tomatoes (60%) ပေါလ်နဲ့ဂျူလီယာတို့ဟာ အစားအသောက်ဝန်ဆောင်မှုပေးသူနှစ်ယောက်ဖြစ်ပြီး တစ်နေ့တော့အထက်တန်းလွှာတွေရဲ့မြို့ပြင်စံအိမ်ခြံဝင်းကျယ်ကြီးတစ်ခုရဲ့ဧည့်ခံပွဲမှာ အလုပ်လုပ်ဖို့ရောက်သွားကြပါတယ်။ ဒါပေမယ့် ခြံရှင်ရဲ့သား အရက်သမား စိတ်ကူးပေါက်သလို လျှောက်ကလိထားတဲ့ ဓာတ်မြေဩဇာစပ်တွေကြောင့် နကျယ်ကောင်တွေဟာ လူတွေကိုယ်ထဲကိုဝင်စီးပြီး ဗီဇပြောင်းလဲရာကနေ လူတစ်ကိုယ်စာလောက်ကြီးမားတဲ့ ဧရာမသတ္တဝါကြီးတွေဖြစ်ကုန်ကြပြီး ဧည့်ခံပွဲဟာ သွေးချောင်းစီးတဲ့သတ်ကွင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါတော့တယ်။ အသက်ရှင်ကျန်ရစ်သူတွေကတော့ အိမ်ကြီးထဲမှာပိတ်မိသွားပြီးအဲ့ဒီသတ္တဝါဆန်းကြီးတွေကို ဘယ်လိုရင်ဆိုင်ထွက်ပေါက်ရှာရမလဲဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်နဲ့တင်ပြပုံတွေဟာ ၈၀ ခုနှစ်နဲ့ ၉၀ ကာလတွေမှာ ဖောဖောသီသီမြင်တွေ့ခဲ့ရပြီးဖြစ်ပေမယ့်အခုချိန်မှာတော့ အဲ့ဒီခေတ်အခါရဲ့ အငွေ့အသက်ကိုပြန်ရသလို Practical Effects အမိုက်စားတွေကလည်း ကောင်းကောင်းပံ့ပိုးပေးနိုင်ပါတယ်။ The Fly တို့ Gremlins တို့လိုသတ္တဝါဆန်းကားတွေကိုပြန်အမှတ်ရချင်စရာဖြစ်ပြီး သွေးသံရဲရဲအခန်းတွေကြောက်စရာရွံစရာတွေပါပေမယ့်လည်း ဇာတ်ကောင်တွေရဲ့အလွဲအချော်တွေကြောင့် တစ်ပြိုင်တည်းမှာရယ်စရာလည်းကောင်းနေပြန်တဲ့ပေါ့ပေါ့ပါးပါး Nostalgic Fun Vibe အပြည့်နဲ့ဇာတ်ကားတစ်ကားပါ။ File size… (1.2 GB) / (850 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Horror,Science Fiction Duration…. 01:28:30 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း