ဇာတ်ကားများ ရွေးရန်

The Four Gates of Death

2026ဇာတ်ကားအမှတ် 3.0/1078 မိနစ်

The Four Gates of Death (2026) IMDb Rating (4.5) သည်းထိတ်ရင်ဖိုနဲ့ ထူးဆန်းအံ့သြဖွယ်ရာ ဇာတ်လမ်းတိုလေးတွေကို စုစည်းထားတဲ့ Horror Anthology ရုပ်ရှင်ကားသစ်တစ်ကားပါ။ ဇာတ်ကားတစ်ကားတည်းမှာတင် မတူညီတဲ့ ကြောက်စရာပုံစံ ၄ မျိုးကို ခံစားရမှာဖြစ်လို့ မပျင်းရပါဘူး။ ဒီဇာတ်ကားမှာ သေခြင်းတရားနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ တံခါး ၄ ပေါက် (ဇာတ်လမ်း ၄ ခု) ပါဝင်ပါတယ်။ သင်္ချိုင်းက ချိန်းတွေ့မှု (Graveyard Rendezvous): ကြေးစားလူသတ်သမားတစ်ယောက်က မိန်းကလေးတစ်ယောက်နဲ့ သင်္ချိုင်းထဲမှာ ချိန်းတွေ့ပါတယ်။ အဲဒီကစပြီး ရိုမန့်တစ်ဆန်ရာကနေ အိပ်မက်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပုံပါ။ မိသားစု ပိတ်ရက် (Family Weekend): အဖေဖြစ်သူက သူ့ရဲ့သားလေးကို ခေါ်ပြီး သူငယ်ချင်းဖြစ်သူရဲ့ သားသတ်ရုံကို အလည်သွားပါတယ်။ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ အကြံစည်တစ်ခု ရှိနေပါတယ်။ VHS စုဆောင်းသူ (The VHS Collector): ရှေးဟောင်း Horror ဗီဒီယိုခွေတွေကို အရူးအမူး စုဆောင်းတဲ့လူတစ်ယောက်က အရမ်းရှားပါးတဲ့ ခွေတစ်ခွေကို ရဖို့အတွက် ဘယ်လိုရက်စက်မှုတွေ လုပ်မလဲဆိုတာ ရိုက်ပြထားပါတယ်။ ဒဏ်ရာဟောင်း (Old Wounds): ငယ်သူငယ်ချင်း နှစ်ယောက် ပြန်ဆုံကြရာကနေ ငယ်ငယ်က သူတို့ကြုံခဲ့ရတဲ့ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို ပြန်သတိရလာပြီး အမှန်တရားတွေ ပေါ်လာပုံပါ။ ဇာတ်လမ်း ၄ ခုကို တစ်ကားထဲရိုက်ပြထားတဲ့ VHS ဇာတ်လမ်းတွေထဲမှာ ဒီကားကလည်း ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ File size… (1.2 GB) / (710 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Horror Duration…. 01:16:29 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း