ဇာတ်ကားများ ရွေးရန်

Linda Linda Linda

2005ဇာတ်ကားအမှတ် 7.5/10115 မိနစ်

Linda Linda Linda (2005) IMDb Rating (7.5)/ Rotten Tomatoes (88%) ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားမင်းသမီး Bae Doo Na၊ ဂျပန်မင်းသမီး Kashii Yuu၊ Maeda Aki နဲ့ Sekine Shiori တို့ အဓိကပါဝင်ထားတဲ့ ဂျပန်ကျောင်းသားကားလေးဖြစ်ပါတယ်။ ရှီဘာ အထက်တန်းကျောင်းပွဲတော် စတင်ဖို့အတွက် ရက်အနည်းငယ်အလိုမှာတင်ပဲ ကျောင်းသူလေးတွေချည်းပဲ စုပြီးဖွဲ့ထားတဲ့ တီးဝိုင်းအဖွဲ့ဟာ ပြဿနာတွေ တက်ပြီးတော့ အဖွဲ့ဝင်တွေ လျော့သွားတဲ့အတွက် ကျန်တဲ့အဖွဲ့ဝင်တွေဟာ ပွဲတော်မှာ ဖျော်ဖြေနိုင်ဖို့အတွက် အဆိုတော်အသစ်ကို အသည်းအသန်ရှာဖွေရပါတော့တယ်။ နောက်ဆုံး ကြံရာမရတဲ့အဆုံး ကိုရီးယားကနေ ကျောင်းလာတက်တဲ့ ဆွန်းဆိုတဲ့ကောင်မလေးကို အဆိုတော်အဖြစ် ဖိတ်ခေါ်လိုက်မိသွားပါတော့တယ်။ ဒါပေမဲ့လည်း ဆွန်းဟာ ဂျပန်စကားကို သိပ်မကျွမ်းကျင်သလို သီချင်းဆိုဖို့အတွက်လည်း အတွေ့အကြုံက ရှိမနေပြန်ပါဘူး။ အဲဒီလို ပြဿနာပေါင်းစုံနဲ့ ကျောင်းသူ‌လေးတွေ ကျန်ရှိတဲ့ ရက်အတွင်းလေးမှာပဲ Blue Hearts အဖွဲ့ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ "Linda Linda" ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေနိုင်ဖို့အတွက် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File Size : 3.83GB/ 1.45GB Quality : BluRay 1080p 5.1CH/ 720p Format : mp4 Duration : 1hr 57m Genre : Music, Life, Youth Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း