Slanted
Slanted (2026) ++++++++ ဒီဇာတ်ကားဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို အသားပေးတဲ့ Body Horror အမျိုးအစားဖြစ်ပြီး ပရိသတ်တွေကို ရင်တထိတ်ထိတ်နဲ့ အော့နှလုံးနာစရာ မြင်ကွင်းတွေ ပေးစွမ်းမယ့် ကားမျိုးပါ။ ဇာတ်လမ်းကတော့ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ အလှအပဆိုင်ရာ စံနှုန်းတွေကို တရားလွန် လိုက်စားရင်း၊ မဖြစ်သင့်တာတွေ ဖြစ်လာတဲ့အခါမှာ ကြုံတွေ့ရမယ့် ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ဆိုးတွေကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ ဂျုံးဟွမ်ဆိုတဲ့ကောင်မလေးဟာ ကလေးဘဝလေးကတည်းက မိဘတွေနဲ့အတူ အမေရိကန်ကို ပြောင်းရွှေ့လာပြီး အခြေချနေထိုင်ခဲ့တဲ့ အာရှနွယ်ဖွား တရုတ်အမေရိကန် ဖြစ်ပါတယ်။ သူမဟာ ငယ်ငယ်တုန်းက ကျောင်းကပွဲတစ်ခုမှာ King နဲ့ Queen ရွေးချယ်နေတာကို မြင်ခဲ့ဖူးပြီးတဲ့နောက်မှာ ကြီးလာရင် ကျောင်းကပွဲမှာ Queen တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ သာမန်အောက်ခြေလုပ်သားတွေဖြစ်တဲ့ မိဘတွေက မပြည့်စုံတာကတစ်ကြောင်း၊ တရုတ်အမေရိကန် ဖြစ်နေတာကတစ်ကြောင်း၊ သူမကိုယ်သူမ ယုံကြည်မှုအားနည်းတာကတစ်ကြောင်းကြောင့် ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းမှာ ဘယ်သူကမှ အဖက်သိပ်မလုပ်တဲ့ အပယ်ခံလေး ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူမဟာ ကိုယ့်ရဲ့လူမျိုးကိုပါ အပြီးတိုင် ပြောင်းလဲပြီး လူဖြူတစ်ယောက်ဖြစ်လာအောင် ခွဲစိတ်ပေးနိုင်တယ်ဆိုတဲ့ ဆေးခန်းတစ်ခုကို ရှာတွေ့သွားပါတော့တယ်။ ဒီတော့ ဂျုံးဟွမ်တစ်ယောက် ဘယ်လိုရွေးချယ်မှုတွေနဲ့ နှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size… (2.83GB) / (1.12GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 44m Genre ….Body Horror , Comedy , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း