ဇာတ်ကားများ ရွေးရန်

They Will Kill You

2026ဇာတ်ကားအမှတ် 6.5/1094 မိနစ်4K

They Will Kill You (2026) IMDb Rating (6.5) / Rotten Tomatoes (64%) ၂၀၂၆ ဟော်ရာတွေထဲမှာ အအောင်မြင်ဆုံးတစ်ကားဖြစ်တဲ့ They Will Kill You လာပါပြီ။ ဇာတ်လမ်းအကျဉ်း နယူးယောက်ခ်ရဲ့ လူ့မလိုင်တွေနေတဲ့ တိုက်ခန်းတွဲကြီးတစ်ခုမှာ အိမ်ဖော်အဖြစ်အလုပ်ရသွားတဲ့ အေးရှားဆိုတဲ့ကောင်မလေးတစ်ယောက်၊ ရောက်ရောက်ချင်းညမှာပဲ မျက်နှာဖုံးစွပ်လူသတ်သမားတွေ သူ့အခန်းထဲဝင်လာပြီး သူ့ကိုသတ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့်လည်း လောလောလတ်လတ်ထောင်ထဲကထွက်လာပြီး ထောင်ထဲမှာ ဖိုက်တာဖြစ်လာတဲ့ သူ့လက်ချက်နဲ့ လူသတ်သမားတွေ အကုန်သေသွားအောင် ဆော်လိုက်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒါက ဇာတ်လမ်းရဲ့ အစသာရှိသေးပြီး ဒီထက်ပိုမှောင်မိုက်ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ လှည့်ကွက်တွေက ဒီတိုက်ခန်းတွဲကြီးမှာ ခိုအောင်းလို့နေပါသေးတယ်။ Kill Bill တို့ John Wick တို့ Ready or not တို့ကိုရောမွှေထားတဲ့ ပုံစံမျိုးဖြစ်ပြီး ဇာတ်လမ်းကို စပျိုးကတည်းက လိုရင်းရောက်အောင်တန်းသွားထားပါတယ်။ အက်ရှင်ခန်းအများစုကို Long Take တွေနဲ့တွေ့မြင်ရမှာဖြစ်သလို စနစ်တကျ လေ့ကျင့်ဖန်တီးထားတဲ့ Action Choreography တွေက ရင်သပ်ရှုမောရလောက်အောင်ကို ကောင်းပြီး တစ်ချို့နေရာတွေဆို နှစ်ခါပြန်ကြည့်ဖြစ်အောင်ဆွဲဆောင်နိုင်ပါတယ်။ တစ်ချက်တစ်ချက်ထဖောက်တဲ့ဟာသကွက်တွေ၊ သရော်ချက်တွေနဲ့ Wtf moments တွေအပြည့်နဲ့ အစကနေအဆုံးထိ ပျော်စရာကောင်းတဲ့ တကယ့်ကို ဒီနှစ်အတွက်အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားပါပဲ။ File size… (5.9 GB) / (2 GB) / (820 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Comedy, Horror Duration…. 01:35:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း