ဇာတ်ကားများ ရွေးရန်

Lost Boys: The Tribe

2008ဇာတ်ကားအမှတ် 4.8/1094 မိနစ်

The Lost Boys (2008) ၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော် The Lost Boys ရဲ့ နောက်ဆက်တွဲ (Sequel) အဖြစ် ထွက်ရှိလာတဲ့ Action-Horror ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပထမကားရဲ့ အငွေ့အသက်ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ကမ်းခြေမြို့ကလေးရဲ့ လျှို့ဝှက်ချက်တွေကို ပြန်လည်အသက်သွင်းထားပါတယ်။ ဇာတ်လမ်းကတော့ ရေလွှာလျှောစီးအားကစားသမားဟောင်း Chris Emerson နဲ့ သူ့ရဲ့ ညီမဖြစ်သူ Nicole တို့အကြောင်းပါ။ သူတို့ မောင်နှမနှစ်ယောက်ဟာ မိဘတွေ ဆုံးပါးသွားပြီးနောက် ဆွေမျိုးနီးစပ်တော်တဲ့သူတွေရှိရာ ဆန်တာကာလာ မြို့လေးဆီကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ အဲဒီမှာ Nicole ဟာ ခပ်မိုက်မိုက် ရေလွှာလျှောစီးလူငယ်တစ်စုနဲ့ သိကျွမ်းသွားပြီး သူတို့ရဲ့ ပါတီတစ်ခုမှာ သွေးစုပ်ဖုတ်ကောင် သွေးတွေပါတဲ့ အရည်ကို မသိဘဲ သောက်မိရာကနေ တဖြည်းဖြည်း သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲလာပါတော့တယ်။ အစ်ကိုဖြစ်သူ Chris ဟာ သူ့ညီမကို ကယ်တင်ဖို့အတွက် ပထမကားကတည်းက ပါဝင်ခဲ့တဲ့ ဝါရင့်သွေးစုပ်ဖုတ်ကောင် အမဲလိုက်သမား Edgar Frog နဲ့ ပူးပေါင်းပြီး ဒီသွေးစုပ်ဖုတ်ကောင်လူမိုက်ဂိုဏ်းကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာကို ပထမကားထက်စာရင် အက်ရှင်ခန်းတွေနဲ့ သွေးထွက်သံယို ရိုက်ချက်တွေနဲ့ ပိုပြီးကြည့်ကောင်းလာပါတယ်

ဇာတ်လမ်းအကြောင်း