ဇာတ်ကားများ ရွေးရန်

Lost Boys: The Thirst

2010ဇာတ်ကားအမှတ် 5.0/1081 မိနစ်

The Lost Boys (2010) သွေးစုပ်ဖုတ်ကောင် The Lost Boys Trilogy ရဲ့ တတိယမြောက်နဲ့ အဆုံးသတ်ဇာတ်ကား ဖြစ်ပါတယ်။ ဒီကားမှာတော့ ပရိသတ်အကြိုက်ဆုံး ဇာတ်ကောင်ဖြစ်တဲ့ Edgar Frog ကို အဓိကဇာတ်ဆောင်အဖြစ် တင်ဆက်ထားပြီး ပထမနှစ်ကားထက်စာရင် ပိုပြီးတော့တောင် အက်ရှင်ပိုင်းကို ဦးစားပေးထားပါတယ်။ ဝါရင့်သွေးစုပ်ဖုတ်ကောင် အမဲလိုက်သမား Edgar Frog ဟာ အခုဆိုရင် သူ့ရဲ့အလုပ်တွေ လက်လွှတ်ရတော့မယ့် အခြေအနေ၊ အိမ်ကနေ ဖယ်ရှားခံရတော့မယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ နာမည်ကျော် စာရေးဆရာမတစ်ဦးဖြစ်တဲ့ Gwen Lieber က သူမရဲ့ ပျောက်ဆုံးနေတဲ့ မောင်လေးကို ကယ်တင်ပေးဖို့ Edgar ကို အကူအညီတောင်းလာတဲ့အခါမှာတော့ သူဟာ ပြန်လည်လှုပ်ရှားရပါတော့တယ်။ သွေးစုပ်ဖုတ်ကောင်တွေဟာ "The Thirst" လို့ခေါ်တဲ့ ပါတီပွဲကြီးတစ်ခုကို ကျင်းပပြီး လူငယ်တွေကို သွေးစုပ်ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲဖို့ ကြံစည်နေကြတာပါ။ Edgar ဟာ ဒီအကြံအစည်ကို တားဆီးဖို့အတွက် လက်နက်ဆန်းမျိုးစုံကို ပြင်ဆင်ပြီး သူငယ်ချင်းအသစ်တွေနဲ့အတူ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အိမ်ကြီးဆီကို သွားရင်း ယနေ့ခေတ်သွေးစုပ်ဖုတ်ကောင်ကားတွေရဲ့ bascic concept ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်နှိမ်နင်းရေးနည်းလမ်းတွေကို မျိုးစေ့ချပေးခဲ့တဲ့ Trilogy ပဲဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း