ဇာတ်ကားများ ရွေးရန်

Thiruchitrambalam

2022ဇာတ်ကားအမှတ် 7.5/10133 မိနစ်

သီရူချီထရမ်ဘာလမ်ဟာ အမေနဲ့ ညီမကို ဆုံးရှုံးလိုက်ရပြီးနောက် ဘဝမှာ ပျော်စရာတွေပါ ပျောက်သွားသလို ခံစားနေရသူပါ။ သူ့ကို သားလို့ သတ်မှတ်ရမှာ ရှက်နေတဲ့အဖေနဲ့ စကားမပြောဖြစ်တာလည်း နှစ်နဲ့ချီနေပြီ။ အဖေ၊ အဘိုးတို့နဲ့ တစ်အိမ်တည်း နေပေမယ့် သူ့အတွက် အိမ်လို မခံစားရဘဲ စကားပြောဖော်ဆိုလို့ အဘိုးပဲ ရှိနေပါတယ်။ ပါဆယ်ပို့သမားအဖြစ် ရိုးရိုးရှင်းရှင်း လုပ်ကိုင်နေတုန်း ကျောင်းသားဘဝက ကြိတ်ကြိုက်ခဲ့တဲ့ ကောင်မလေးနဲ့ ပြန်ဆုံလာတယ်။ သူတို့နှစ်ယောက်ရဲ့ ဘဝအခြေအနေကတော့ အတော်ကွာခြားနေပါပြီ။ ကောင်မလေးက သူ့ကို တကယ်ခင်လို့ အဲဒီလို ဆက်ဆံနေတာလား၊ အထင်သေးပြီး နှိမ်နေတာလားဆိုတာ သူ မခွဲခြားတတ်ဘူး။ ဒါကို ခွဲခြားသိနေသူကတော့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း ကောင်မလေးပါ။ ကောင်မလေးနှစ်ယောက်နဲ့အတူ သူ့ဘဝမှာ ဘယ်လို အရှုပ်အထွေးတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ အလှည့်အပြောင်းတွေ ကြုံလာရမလဲဆိုတာကို ဆက်ပြထားပါတယ်။ Karnan နဲ့ လူသိများတဲ့ Dhanush က သီရူချီထရမ်ဘာလမ်အဖြစ် သရုပ်ဆောင်ထားတဲ့ အချစ်ဒရမ်မာပါ။

ဇာတ်လမ်းအကြောင်း