ဇာတ်ကားများ ရွေးရန်

Dead Lover

2026ဇာတ်ကားအမှတ် 6.5/1086 မိနစ်

Dead Lover (2026) +++++++++ ဇာတ်လမ်းက အမြဲတမ်း လူသေအလောင်းနံ့တွေ နံနေလို့ ပတ်ဝန်းကျင်ကလူတွေ ဝိုင်းပြီး အပယ်ခံထားရတဲ့ အထီးကျန် သင်္ချိုင်းတူးသမား ကောင်မလေးတစ်ယောက် အကြောင်းကနေ စတင်ထားပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ အလောင်းနံ့ကိုမှ သဘောကျနေတဲ့ ထူးထူးဆန်းဆန်း ကဗျာဆရာတစ်ယောက်နဲ့ တွေ့ပြီး သူတို့နှစ်ယောက် အရမ်းကို ချစ်ကျွမ်းဝင်သွားကြပါတယ်။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုက သိပ်မခံလိုက်ဘဲ၊ ကဗျာဆရာလေး ပင်လယ်ထဲမှာ ရေနစ်သေဆုံးသွားတဲ့အခါ ဇာတ်လမ်းက အလှည့်အပြောင်း ဖြစ်သွားပါတယ်။ ချစ်သူကို လက်မလွှတ်နိုင်တဲ့ ကောင်မလေးဟာ ရလာတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရယ်၊ သိပ္ပံစမ်းသပ်မှုတွေရယ်ကို အသုံးပြုပြီး ချစ်သူကို အသက်ပြန်သွင်းပါတော့တယ်။ အဲဒီနောက်မှာတော့ ရူးသွပ်စရာကောင်းတဲ့ ဆန္ဒတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လုယူကြတဲ့ ကမောက်ကမဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ ရုပ်ရှင်ရုံတချို့မှာ ဇာတ်လမ်းပါ အငွေ့အသက်တွေအတိုင်း ခံစားရအောင် ပရိသတ်တွေကို အနံ့ခံလို့ရတဲ့ ကတ်လေးတွေ ဝေပေးထားပါတယ်။ ဇာတ်လမ်းထဲက ပြကွက်တွေရောက်ရင် ဘယ်အချိန်မှာ အနံ့ခံရမလဲဆိုတာကို ညွှန်ကြားပေးတဲ့ အလွန်ဆန်းသစ်တဲ့ တင်ဆက်မှုမျိုးပါ။ ဇာတ်ကားတစ်ကားလုံးကို စတူဒီယိုခန်းထဲမှာပဲ ရိုက်ကူးထားတာပါ။ မြင်ကွင်းတွေကို ၁၉၃၀ ပြည့်လွန်နှစ်တွေက ခေတ်ဟောင်း သည်းထိတ်ရင်ဖိုကားတွေ၊ ဒါရိုက်တာကြီး David Lynch ရဲ့ ဖန်တီးမှုတွေလို မှုန်တေတေ ဂန္ထဝင်ဆန်ဆန် (German Expressionism) ပုံစံမျိုး ရိုက်ကူးထားပြီး၊ မြင်ကွင်းအချိုးအစားကိုလည်း အရင်ခေတ်ကလို လေးထောင့်ပုံစံ (Academy aspect ratio) နဲ့ လက်ရာမြောက် ဖန်တီးထားပါတယ်။ အချစ်ဇာတ်လမ်းကိုမှ ထူးထူးဆန်းဆန်း၊ ရူးသွပ်စရာကောင်းတဲ့ ဖန်တီးမှုတွေနဲ့ ခေတ်ဟောင်း ရုပ်ရှင်ပုံစံမျိုး ကြည့်ချင်သူတွေအတွက် အရမ်းကို စိတ်ဝင်စားစရာကောင်းမယ့် ရုပ်ရှင်ကားလေး တစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။ File Size… (1.47GB) / (1.18GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 35m Genre ….Comedy , Horror , Romance , Sci-fi , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း