ဇာတ်ကားများ ရွေးရန်

To Catch a Virgin Ghost

2004ဇာတ်ကားအမှတ် 7.2/10109 မိနစ်

To Catch A Virgin Ghost (2004) ဒီတစ်ခါမှာတော့ 2004 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ သရဲဟာသကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Gate (2018) ထဲက မင်းသား Im Chang Jung ၊ Bravo My Life ထဲမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသား Kwon Oh Jung တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း လူမိုက်ဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဆော့ထယ် (Kwon Oh Jung)ဟာ ဂိုဏ်းရဲ့ စိန်တွေကို ခိုးယူပြီး ထွက်ပြေးလာရင်းက ရှီရှီလ်ရီဆိုတဲ့ ‌ရွာငယ်လေးကို ကားမတော်တဆမှုဖြစ်ပြီး ရောက်ရှိသွားခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့တဲ့ ဂင်ယန်းအီ (Im Chang Jung)ဟာ သူ့ကို တစ်ဖက်လှည့်နဲ့ လှည့်စားသွားတဲ့ ဆော့ထယ်နောက်ကို ရေဆုံးမြေဆုံးလိုက်လံရှာဖွေရင်း စိန်တွေကို ပြန်အရယူဖို့ တာဝန်ပေးအပ်ခံလိုက်ရပြီး ရှီရှီလ်ရီရွာလေးကိုပဲ ဦးတည်ရောက်လာခဲ့ပြန်ပါတော့တယ်။ ဆော့ထယ်ကို ရှာပုံတော်ဖွင့်ရင်းနဲ့ ဂင်ယန်းအီနဲ့ သူ့နောက်လိုက်တွေ ကြုံတွေ့ရသမျှကို ဟာသနှောပြီး ရိုက်ကူးထားတဲ့အတွက် သရဲကားဆိုတာထက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောနေရမှာသေချာပါတယ်။ ဇာတ်လမ်းက ပေးချင်တဲ့ သင်ခန်းစာကိုလည်း ဇာတ်သိမ်းတာနဲ့ ချက်ချင်းခံစားမိနေနိုင်မှာ ဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ဘယ်လိုသင်ခန်းစာကို ပေးမလဲဆိုတာ အဖြေရှာကြည့်ရအောင်နော်။ File Size - 1.7 GB/ 808 MB Quality - WEB-DL 1080p/ 720p Duration - 1h 42m Format - mp4 Genre - Comedy, Horror Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း