ဇာတ်ကားများ ရွေးရန်

Cast a Deadly Spell

1991ဇာတ်ကားအမှတ် 6.1/1096 မိနစ်

Cast a Deadly Spell (1991) IMDb Rating (6.3) / Rotten Tomatoes (58%) ၁၉၄၈ လောစ့်အိန်ဂျယ်လစ်စ်မှာ လူတိုင်းလူတိုင်းက မန္တရားနဲ့စုန်းကဝေ အတတ်တွေကို ထမင်းစားရေသောက်အသုံးပြုနေကြတဲ့ကမ္ဘာတစ်ခုမှာ ဇာတ်လမ်းကိုအခြေခံထားပါတယ်။ အဲ့ဒီထဲကမှ အလွတ်စုံထောက် ဖိလစ်လပ်ဖ်ကရက်ဖ်ကတော့ မှော်၊ အောက်လမ်းတွေကို တစ်ခုမှ မသုံးပဲကိုယ်ပိုင်အသိဉာဏ်၊ သေနတ် နဲ့ကျွမ်းကျင်မှုတွေကိုပဲအသုံးချပြီး အမှုလိုက်တဲ့ တစ်ဦးတည်းသော စုံထောက်ပါ။ တစ်ရက်တော့ မြို့မျက်နှာဖုံးသူဌေး အာမိုစ်ဟက်ခ်ရှောဆိုသူကသူ့ကို အမှုတစ်ခုလာအပ်ပါတယ်။ အဲ့ဒါကတော့ အခိုးခံလိုက်ရတဲ့ "Necronomicon" လို့ခေါ်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့မှော်စာအုပ်ကိုပြန်ပြီး အရယူပေးဖို့ပါပဲ။ တကယ်တမ်း လပ်ဖ်ကရက်ဖ် တစ်ယောက်စာအုပ်နောက်ကို လိုက်တဲ့အချိန်မှာတော့ အဲ့ဒီစာအုပ်ကိုသုံးပြီး သန်းခေါင်ယံအချိန်မှာ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် ရှေးဟောင်းနတ်ဘုရားကြီး Cthulhu ကိုဆင့်ခေါ်မယ့် အကြံအစည်ကိုသိသွားပါတော့တယ်။ အမှောင်ထုနဲ့အရိပ်တွေ၊ နီယွန်မီးရောင်အောက်က မြို့ပြညတွေ၊ လောကကြီးကိုစိတ်ကုန်နေတဲ့ စကားပြောထောင့်မကျိုးတဲ့စုံထောက်တစ်ယောက်၊ စီးကရက်လက်ကြားက မချတဲ့ မိန်းမလှလေး၊ နောက်ခံမှာသဲ့သဲ့ကြားရတဲ့ jazz သီချင်းတွေနဲ့ စုန်းကဝေလောကကို Neo-Noir ရုပ်ရှင်အဖြစ်အပီအပြင်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.9 GB) / (0.98 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Fantasy,Horror,Mystery,TV Movie Duration…. 01:36:22 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း