ဇာတ်ကားများ ရွေးရန်

Aadavaallu Meeku Johaarlu

2022ဇာတ်ကားအမှတ် 3.6/10139 မိနစ်

ချီရူဟာ အမေ၊ အဒေါ်လေးယောက်နဲ့ အစ်မ၊ ညီမတွေရဲ့ အချစ်ကိုရပြီး ကြီးပြင်းလာသူပါ။ မိန်းမသား ဆယ့်ငါးယောက်လောက် ဝန်းရံနေတဲ့ မိသားစုထဲမှာ ငယ်ငယ်ကတည်းက ဖူးဖူးမှုတ်ခံခဲ့ရပေမဲ့ အဲဒီအချစ်တွေက တစ်ဖက်မှာ သူ့အတွက် အချုပ်အနှောင် ဖြစ်လာပါတယ်။ အထူးသဖြင့် အိမ်ထောင်ဖက်ရွေးတဲ့ ကိစ္စမှာပါ။ သူ့အတွက် အကောင်းဆုံးကိုပဲ ရစေချင်တယ်ဆိုတဲ့ မိသားစုက အိမ်ထောင်ဖက်အဖြစ် လာတွေ့သမျှ မိန်းကလေးတိုင်းကို အကြောင်းမျိုးစုံရှာပြီး ငြင်းပယ်ကြတယ်။ ဒီလိုနဲ့ ချီရူဟာ အသက်သုံးဆယ့်ငါးနှစ်အထိ အိမ်ထောင်မကျသေးပါဘူး။ မိုးရွာတဲ့တစ်နေ့မှာ အာဒီယာနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီးနောက် အိမ်ထောင်ဖက်ရွေးတာကနေ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဉ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ချီရူရဲ့ လက်ထပ်ရေးအစီအစဉ်က ဘယ်လိုဆက်ဖြစ်လာမလဲ။ သူ့ကို ဝိုင်းချစ်နေကြတဲ့ မိသားစုရဲ့ အနှောင်အဖွဲ့တွေကြားက ဘယ်လိုရုန်းထွက်မလဲဆိုတာနဲ့အတူ အာဒီယာနဲ့ သူ့ကြား အချစ်ဇာတ်လမ်းကလည်း ဘယ်လိုဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း