ဇာတ်ကားများ ရွေးရန်

The Killer Goldfish

2025ဇာတ်ကားအမှတ် 6.0/1094 မိနစ်

The Killer Goldfish (2025) IMDb Rating (5.6) ဂျပန်နိုင်ငံရဲ့တောင်တန်းတစ်ခုတည်းမှာ နှစ်ပေါင်း ၅၀၀၀၀ သက်တမ်းရှိတဲ့ရှေးဟောင်းလူသားကျောက်ဖြစ်ရုပ်ကြွင်းကိုတူးဖော်တွေ့ရှိပြီးနောက်ပိုင်း၊ တစ်နိုင်ငံလုံးမှာ ရက်စက်ပြီး အကြောင်းပြချက်ရှာမတွေ့တဲ့ ထူးဆန်းတဲ့လူသတ်မှုတွေဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ပိုပြီးဆန်းကြယ်တာကတော့ လူသတ်မှုဖြစ်တဲ့နေရာတိုင်းမှာ ကွဲကြေနေတဲ့ ငါးကန်နဲ့ရွှေငါးတစ်ကောင်ကို သဲလွန်စအဖြစ် အမြဲတွေ့ရခြင်းပါပဲ။ အဲ့ဒီအမှုကိုစုံစမ်းဖို့အတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ သဘာ၀လွန်မှုခင်းများထောက်လှမ်းရေးဌာနကစိတ်တန်ခိုးရှင် စုံထောက်မလေး တာမာကီရောက်ရှိလာပြီး ဝါရင့်စုံထောက်တစ်ဦး၊ တိုကျို တက္ကသိုလ်ဆင်းတစ်ဦးတို့နဲ့ပူးပေါင်းပြီးစုံစမ်းရင်းကနေ ရှေးဟောင်းရုပ်ကြွင်းရဲ့မျိုးရိုးဗီဇကနေ အစပြုပြီး လက်ရှိ Homo sapiens လူသားမျိုးနွယ်တစ်ခုလုံးကို ကလဲ့စားချေဖို့အထိကြီးကျယ်တဲ့ အစီအစဉ်ကြီးကိုခြေရာခံမိချိန်မှာတော့.. ဇာတ်လမ်းနာမည်ကိုကြည့်ရင် လူသတ်ကောင်ရဲ့နာမည်က ရွှေငါး ဒါမှမဟုတ် လျှို့ဝှက်ကုတ်ဒ်တစ်ခုခုကိုဆိုလိုတာလားလို့တွေးမိကြမှာပါပဲ။ ဒါပေမယ့် တကယ့်ကို ရွှေငါးက လူသတ်တာပါ။ရွှေငါးက ဘယ်လိုလူသတ်လဆိုတာကိုသိချင်ရင်တော့ ကြည့်လိုက်ကြပါ။ ဂျပန်တွေထုံးစံ စားတာတော့ အတော်စားပါတယ်။ ရယ်လည်းရယ်ရပါတယ်။ ဇာတ်လမ်းထဲကအနေအထားတွေကို သူတို့တွေအတည်ပေါက်ကြီးနဲ့လုပ်နေ ခံစားနေတာကိုကရယ်နေရတာပါ။ File size… (1.1 GB) / (750 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Horror Duration…. 01:35:04 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း