Body Jumper
သရဲမဘော့ဘ်ဟာ သူကျက်စားတဲ့ ရွာလေးမှာ ယောက်ျားတွေကို မြူဆွယ်ပြီး အသည်းဖောက်စားလေ့ရှိပါတယ်။ တစ်နေ့တခြား ပိုဆိုးလာတာကြောင့် ရွာသားတွေက သရဲနှင်ဆရာတွေ ခေါ်ပြီး သူ့ကို ရေတွင်းပျက်တစ်ခုထဲ ပိတ်လှောင်ထားခဲ့ကြတယ်။ နှစ်ပေါင်း ၇၀ ကြာတဲ့အခါ မြို့က ကျောင်းသားတစ်စုဟာ ကျောင်းပရောဂျက်အတွက် ဆမ်ခေါ်ရွာလေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ပေးဖို့ ရောက်လာကြပါတယ်။ သူတို့အဖွဲ့ထဲက ဂဲဆိုတဲ့ ကောင်မလေး ရေချိုးနေတာကို ချောင်းကြည့်ကြရင်း ဘော့ဘ်ကို မတော်တဆ လွတ်မြောက်သွားစေခဲ့တယ်။ လွတ်လာတဲ့ ဘော့ဘ်က ဂဲကို ဝင်ပူးပြီး ကျောင်းသားတွေနဲ့အတူ ဘန်ကောက်မြို့အထိ ပြန်လိုက်သွားပါတယ်။ အဲဒီကနေ ဆက်ဖြစ်လာတဲ့အကြောင်းတွေကို ပေါ့ပေါ့ပါးပါး ရိုက်ထားတဲ့ ထိုင်းသရဲဟာသကားပါ။
ဇာတ်လမ်းအကြောင်း