ဇာတ်ကားများ ရွေးရန်

Sing Geetham

2026ဇာတ်ကားအမှတ် 6.0/10137 မိနစ်

Sing Geetham (2026) သီချင်းရွာ ပရိသတ်တွေနဲ့ ဝေဖန်ရေးသမားတွေကြားမှာ ချီးကျူးမှု အများအပြား ရရှိထားတဲ့ တေလေဂူး စိတ်ကူးယဉ်ကျေးလက်ဂီတဟာသ ရုံတင်ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာ အိန္ဒိယရဲ့ ဂန္ထဝင်ဒါရိုက်တာကြီး ဆင်ဂီသမ်ဆရီနာဗာဆာရောဝ်ရဲ့လက်ရာဖြစ်ပါတယ်။ ကူဘေရာပူရမ်ဆိုတဲ့ရွာလေးဟာ သတ္တုတူးမှုတွေကြောင့်မိုးခေါင်ရေရှားပြီး ပျက်စီးနေတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။ အဲဒီရွာမှာ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးတဲ့ ဂေါ်ရီဆိုတဲ့ကောင်မလေးဟာ ကွင်းပြင်ကြီးထဲမှာ နောက်ဆုံးကျန်နေတဲ့သစ်ပင်ကြီးကို ကာကွယ်နေသူပါ။ တစ်နေ့မှာတော့ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ကျဖူးပြီး လောဘဇောတိုက်နေတဲ့ ပရာတပ်ဆိုတဲ့ ရွှေတွင်းပိုင်ရှင် လူငယ်ဟာအဲဒီရွာကို ရောက်လာပြီး ဂေါ်ရီနဲ့ရင်းနှီးသွားပါတယ်။ ဒါပေမဲ့ တခြား မိုင်းတွင်းပိုင်ရှင်တွေဟာ ရွာရဲ့ နောက်ဆုံးသစ်ပင်ကြီးကို မြေထိုးစက်နဲ့ ခုတ်လှဲပစ်လိုက်တဲ့အခါမှာတော့ ရွာသားအားလုံးဟာ ပုံမှန်စကားမပြောနိုင်တော့ဘဲ စိတ်ခံစားချက်၊ ဝေဖန်မှု၊ အပြောအဆိုမှန်သမျှကို သီချင်းဆိုပြီးပဲ ပြောလို့ရတော့တဲ့ ထူးဆန်းတဲ့ ကျိန်စာတစ်ခု သင့်သွားကြပါတော့တယ်။ ဒီကျိန်စာကနေ လွတ်မြောက်ဖို့ ရွာသားတွေနဲ့ ပရာတပ်တို့ဟာ သူတို့လောဘတွေကို ပြန်ဆန်းစစ်ပြီး သဘာဝတရားနဲ့ သဟဇာတဖြစ်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာကိုသီချင်းသံမြိုင်မြိုင်နဲ့ ရယ်မောဖွယ်ကြည့်ရှုရမယ့်ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း