ဇာတ်ကားများ ရွေးရန်

An Eternal Combat

1991ဇာတ်ကားအမှတ် 6.5/1095 မိနစ်

ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ရွှေခေတ်လက်ရာတွေထဲက မင်းသမီးချောလေးJoey Wongပါဝင်ခဲ့တဲ့ အက်ရှင်ဟာသကားလေးကိုပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ တရုတ်ပြည် ရှေးခေတ်မင်မင်းဆက်ခေတ်မှာ ဂျပန်မိစ္ဆာဘုရင်ကြီးက နယ်မြေတစ်ခုလုံးကိုစိုးမိုးထားပြီး ရွာမှာအလှဆုံးမိန်းကလေးဖြစ်တဲ့ စီးစီးကို ဖမ်းခေါ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တရားမျှတမှုကိုမြတ်နိုးတဲ့ အင်းမန္တာန်ရေးရာတွေမှာ ဝါရင့်ကျွမ်းကျင်တဲ့ တာအိုဆရာကြီးက တပည့်ဖြစ်သူနဲ့အတူ မိစ္ဆာနှိမ်နင်းပြီး မိန်းကလေးကိုကယ်တင်ဖို့ရောက်လာခဲ့ပါတယ်။ ဆရာကြီးချောင်လုနဲ့ မိစ္ဆာဘုရင်ကြီးတို့က အသက်လုပြီးမှော်ပညာချင်းပြိုင်ကာ တိုက်ခိုက်ကြရင်း အထွတ်အထိပ်ရောက်နေတဲ့အချိန်မှာ ကောင်းကင်တံခါးကြီးပွင့်သွားပြီး တာအိုဆရာကြီးနဲ့ တပည့်တွေအပြင် မိစ္ဆာကြီးပါ ဒီဘက်ခေတ် ဟောင်ကောင်မြို့ကြီးဆီကို ရောက်သွားခဲ့ကြတဲ့အခါ...... ဆရာတပည့်တွေရဲ့မိစ္ဆာနှိမ်နင်းခန်းဟာ သမာရိုးကျစီစဉ်ထားတဲ့အတိုင်းမဟုတ်တော့ပဲ ခေတ်သစ်ရဲ့ဆန်းသစ်မှုတွေကြားမှာ အလွဲလွဲအချော်ချော်နဲ့ ဒုက္ခသုခတွေကြုံရင်း မိစ္ဆာကြီးကိုအဆုံးထိတိုင်အောင် နှိမ်နင်းဖို့ကြိုးစားသွားတာပဲဖြစ်ပါတယ် Filesize : 3.82 GB / 1.42 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action, Comedy, Fantasy, and Horror Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း