ဇာတ်ကားများ ရွေးရန်

Don

2022ဇာတ်ကားအမှတ် 6.0/10164 မိနစ်

သားကိုချစ်ပေမယ့် ချစ်ကြောင်းထုတ်မပြတတ်တဲ့ ဖခင်တစ်ယောက်ကြောင့် သားဖြစ်သူကတော့ အဖေ့ဆီက အချစ်မခံရဘူးလို့ ထင်နေခဲ့ပါတယ်။ ၁၂ တန်းပြီးတဲ့အခါမှာလည်း အဖေ့ဖိအားကြောင့် “Best Engineering College” ကို သွားတက်ရပြန်တယ်။ ကောလိပ်ရောက်တော့ ကြော်ငြာထားတာတွေနဲ့ လက်တွေ့ကြုံရတာက တခြားစီ ဖြစ်နေပါတယ်။ တက္ကသိုလ်ရောက်ရင် ကိုယ်လုပ်ချင်တာ လုပ်နိုင်ပြီလို့ မျှော်လင့်ထားတဲ့ ကျောင်းသားတွေဟာ ဒီကောလိပ်မှာတော့ ထောင်ထဲရောက်သလို ခံစားကြရတယ်။ ဆယ်ကျော်သက်တွေဆိုတော့ ဖိနှိပ်လေလေ ပြန်ဆန့်ကျင်ချင်လေလေ ဖြစ်လာကြပြီး ဆရာတွေကို ဘယ်လိုပညာပြန်ပြကြမလဲဆိုတာ ဆက်တွေ့ရမှာပါ။ တမီးလ်ဘာသာစကားနဲ့ ရိုက်ထားတဲ့ အက်ရှင်၊ ဟာသ၊ အချစ်ဇာတ်ကားဖြစ်ပြီး ကောလိပ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ ဖြတ်သန်းမှုတွေကို ပြထားပါတယ်။ သူငယ်ချင်းတွေနဲ့အတူ အမှတ်တရဖန်တီးရတဲ့အချိန်တွေ၊ အချစ်နဲ့တွေ့ဆုံရတဲ့အရွယ်တွေကြားမှာ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးကိုလည်း တွဲဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း