Decorado
Decorada (2025) “ငါတိုဘဝကို ငါတိုကိုယ်တိုင် ရွေးချယ်နေတာလား၊ ဒါမှမဟုတ် လူမှုစနစ်က သတ်မှတ်ပေးထားတဲ့ ဇာတ်ညွှန်းအတိုင်း နေနေတာလား?” "Decorado" ဇာတ်ကားလေးဟာ Birdboy နဲ့ Unicorn Wars တိုလို နာမည်ကျော် လက်ရာတွေကို ဖန်တီးခဲ့တဲ့ စပိန်ဒါရိုက်တာ Alberto Vázquez ရဲ့ (Adult Animated Black Comedy/Drama) ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ "City of Anywhere" ဆိုတဲ့ မြိုလေးမှာ နေထိုင်တဲ့ "အာနိုး"ဆိုတဲ့ ကြွက်တစ်ကောင်အကြောင်းပဲဖြစ်ပါတယ် ဘဝမှာ စိတ်ဓာတ်ကျစရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အာနိုးကတော့ တစ်နေ့မှာ သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးတစ်ခုလုံးကို ပုံမှန်မဟုတ်ဘူးဆိုပြီး စတင်သံသယဝင်လာခဲ့ပါတယ် သူ့ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ လူတွေ၊ ဖြစ်ရပ်တွေနဲ့ မြိုကြီးတစ်ခုလုံးက အမှန်တကယ် မဟုတ်ဘဲ ပြဇာတ်စင်မြင့်တစ်ခုလို ရိုက်ကူးထားတဲ့ အလှဆင်နောက်ခံကားချပ်သာဖြစ်ပြီး တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်ထိန်းချုပ်နေတယ်လို ယူဆလာပါတယ် သူ့ပတ်ဝန်းကျင်က ဖန်တီးပုံဖော်ထားတဲ့ အပြင်ပန်းအလှတရားတွေဟာ အမှန်တကယ်ပဲ လုံခြုံမှု ပေးနိုင်မှာလား... ဒါမှမဟုတ် သူ့စိတ်ကို ပိတ်လှောင်ထားတဲ့ အလှဆင်လှောင်အိမ်တစ်ခု ဖြစ်နေမလားဆိုတာ ဘဝရဲ့ အမှန်တရားကို ရှာဖွေဖို သူ့ရဲ့ မိတ်ဆွေတွေနဲ့အတူ ကြိုးစားရင်း မခန့်မှန်းနိုင်တဲ့ လျှိဝှက်ဆန်းကြယ်တဲ့ အလှည့်အပြောင်းတွေကို ရင်ဆိုင်လာရတဲ့အခါ... အလှတရားတွေရဲ့ နောက်ကွယ်က လျှိဝှက်ဆန်းကြယ်မှုကို ခံစားချင်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း