RAGEBAIT
Ragebait (2026) အင်တာနက်လူမှုကွန်ရက်ပေါ်မှာ လူအများရဲ့ ဒေါသနဲ့ အာရုံစိုက်မှုကို မသမာတဲ့နည်းနဲ့ ဆွဲဆောင်ပြီး "Views" နဲ့ "Likes" ရှာတတ်တဲ့ အလေ့အထကို "Ragebait" လို ခေါ်ဆိုကြပါတယ် ဒီဇာတ်ကားဟာလည်း အဲဒီလို ခေတ်ပြိုင် ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုရဲ့ အမှောင်ဘက်ခြမ်းနဲ့ အွန်လိုင်းပေါ်က အာရုံစိုက်မှုနောက်ကို အလွန်အမင်း လိုက်ပါသွားတဲ့အခါ ကြုံတွေ့ရမယ့် ရောဂါသည်ဆန်ဆန် နောက်ဆက်တွဲဆိုးကျိုးများကို ပုံဖော်ရိုက်ကူးထားတဲ့ Drama/Thriller အမျိုးအစားပဲ ဖြစ်ပါတယ် Content Creator တစ်ယောက်ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာချန်နယ် ကျဆင်းလာတာကို ပြန်လည်ဆွဲတင်ဖိုအတွက် လူတွေရဲ့ ဒေါသနဲ့ အမုန်းတရားကို ဆွပေးနိုင်မယ့် အကြောင်းအရာတွေကို တမင်တကာ စတင်ဖန်တီးပါတော့တယ် အစပိုင်းမှာတော့ အောင်မြင်မှုတွေ၊ ကြည့်ရှုသူဦးရေတွေ ရုတ်တရက် ထိန်းမနိုင်သိမ်းမရ မြင့်တက်လာခဲ့ပေမဲ့၊ လူတွေရဲ့ အမုန်းတရားနဲ့ ဒေါသကို အသုံးချပြီး ကစားရာမှ ရရှိလာတဲ့ အကျိုးဆက်တွေက သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ဝါးမြိုလာပါတော့တယ် အွန်လိုင်းပေါ်က ပရိသတ်တွေကို ထိန်းချုပ်နေတယ်လို သူထင်ထားခဲ့ပေမဲ့ တကယ်တော့ သူကိုယ်တိုင်က အမုန်းတရားတွေကြားထဲမှာ သောင်တင်ပြီး ပြန်ထွက်လိုမရတော့တဲ့အခါ... အွန်လိုင်းပေါ်က အာရုံစိုက်မှု ရယူရေးပွဲမှာ ဘယ်သူက ကြိုးဆွဲသူလဲ ဘယ်သူက ကြိုးဆွဲခံရသူလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း