ဇာတ်ကားများ ရွေးရန်

House IV

1992ဇာတ်ကားအမှတ် 4.7/1094 မိနစ်

House IV (1992) IMDb Rating (4.0) / Rotten Tomatoes (19%) ဒီဇာတ်ကားမှာတော့ ဇာတ်လမ်းကို ပထမဆုံးဇာတ်ကားထဲက ဇာတ်ကောင် ရော့်ဂျ်နဲ့ပြန်ပြီးစတင်ထားပါတယ်။ သူဟာ အခုချိန်မှာ ဇနီးဖြစ်သူ ကယ်လီ၊ သမီးလေး လော်ရယ်တို့နဲ့မိသားစုဘ၀ကိုပျော်ရွှင်စွာထူထောင်ထားပါတယ်။ ဖခင်ဖြစ်သူဆုံးပါးသွားပြီးတဲ့နောက်မှာ ရော့ချ်ဟာ သူတို့ရဲ့ဘိုးဘေးပိုင်ရှေးဟောင်းအိမ်ကြီးကိုမကြာခဏသွားလည်လေ့ရှိပြီး တစ်ရက် မိသားစုလိုက်အပြန်ခရီးမှာဂျော့ချ်တစ်ယောက် မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပြီးလော်ရယ်ဟာလည်း ဘီးတပ်ကုလားထိုင်ပေါ်ရောက်သွားခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ ဂျော့ချ်နဲ့ ဒီအိမ်ကြီးရဲ့သံယောဇဉ်ကိုသိတဲ့ ကယ်လီဟာ ဒီအိမ်ကြီးမှာပဲ သမီးလေးနဲ့အတူပြန်အခြေချဖို့ဆုံးဖြတ်လိုက်ပါတယ်။ တစ်စတစ်စနဲ့ အိမ်ကြီးက ခြောက်လှန့်မှုတွေစတင်ပြီး ကယ်လီ့ကို ဇာတိတွေစပြလာသလို ရော့ဂျ်ရဲ့မယားပါအစ်ကို ဘာ့ခ်ကလည်းဒီအိမ်ကြီးကို ပြန်ရောင်းဖို့ ဖြစ်တဲ့နည်းနဲ့သိမ်းပိုက်ဖို့ကြိုးစားပြီး သရုပ်မှန်တွေပေါ်လာပါတော့တယ်။ အားကိုးရာမဲ့နေတဲ့ ကယ်လီတို့သားအမိအတွက် ကယ်တင်ရှင်ဘယ်မှာလဲ? ဒီအိမ်ကြီးကရော သူ့ကို ဘယ်လိုကူညီကယ်ဆယ်ပေးမလဲ? ဘာ့ခ်ကရော ဒီအိမ်ကိုရဖို့အတွက်ဘယ်လောက်အထိယုတ်မာဖို့ဆုံးဖြတ်ထားလဲ အစရှိတာတွေကိုဆက်လက်ရှုစားရမှာပါ။ ပထမဆုံးဇာတ်ကားနဲ့ပဲ တိုက်ရိုက်ချိတ်ဆက်ထားပြီး အဲ့ဒီဇာတ်ကားပုံစံ ဟော်ရာကို ဟာသနှောထားတဲ့ပုံစံမျိုးဖြစ်လို့ ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့ကြပါတယ်။ File size… (2.7 GB) / (1.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Horror,Thriller Duration…. 01:35:35 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း