ဇာတ်ကားများ ရွေးရန်

Spider Island

2026ဇာတ်ကားအမှတ် 7.3/10

Spider Island (2026) +++++++++++ ဗြိတိန်ဒါရိုက်တာ Will Jewell ရိုက်ကူးထားတဲ့ Creature Feature Horror-Comedy အမျိုးအစား B-grade ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာအင်ဖလူရန်ဆာနဲ့မော်ဒယ်တစ်စုဟာ နာမည်ကြီးကုန်ပစ္စည်းတံဆိပ်တစ်ခုရဲ့ ပရိုမိုးရှင်းပွဲအတွက် သီးခြားကင်းကွာနေတဲ့အပူပိုင်းကျွန်းတစ်ခုဆီ ဓာတ်ပုံရိုက်ဖို့ ထွက်ခွာလာခဲ့ကြပါတယ်။ သာယာလှပမလိုနဲ့ ကျွန်းပေါ်ရောက်တဲ့အခါ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီး မနုဿဗေဒဆိုင်ရာ မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ရက်စက်လှတဲ့ အဆိပ်ရှိပင့်ကူကြီးတွေ ကြီးစိုးထားတာကို မထင်မှတ်ဘဲ ကြုံတွေ့လိုက်ရပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာပဲ လှပနေတတ်ကြတဲ့အင်ဖလူရန်ဆာတစ်စုဟာ ဖုန်းလိုင်းမရတဲ့ ဒီကျွန်းပေါ်မှာ ရက်စက်လှတဲ့ အဆိပ်ရှိပင့်ကူတွေရဲ့ အန္တရာယ်ကနေ အသက်ဘေးလွတ်အောင် ရယ်စရာ အလွဲအမှားတွေနဲ့အတူ ဘယ်လိုတိုက်ခိုက် ရုန်းထွက်ကြမလဲဆိုတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပင့်ကူခြောက်လှန့်မှုတွေ၊ သွေးထွက်သံယိုအခန်းတွေနဲ့ အကြမ်းဖက်မှုတွေ ပါဝင်ပါတာကြောင့် အသက် ၁၅ နှစ်နဲ့အထက်သာ ကြည့်ရှုသင့်ပါတယ်။ Eight Legged Freaks ဒါမှမဟုတ် Crawl လို သတ္တဝါဆန်း သရဲကားဆန်းဆန်းတွေနဲ့ ဟာသနှောထားတဲ့ရုပ်ရှင်မျိုးတွေကို ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေအတွက် သင့်တော်ပါတယ်။ File Size… (1.48GB) / (887MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 35m Genre …Comedy and Horror Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း