ဇာတ်ကားများ ရွေးရန်

This party is DEAD

2026ဇာတ်ကားအမှတ် 5.5/10100 မိနစ်

This Party Is Dead (2026) တာဝန်ယူမှုအပြည့်နဲ့ စည်းကမ်းကြီးတဲ့ "အဲလစ်" စိတ်ကူးယဉ်ဆန်ပြီး အပေါ်ယံဆန်တဲ့ "ဆိုဖီ" အမြဲတမ်း ရူးရူးမိုက်မိုက် ပြုမူတတ်တဲ့ "ဟန်နာ" ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ "ရော်မီ" စရိုက်ချင်း လုံးဝမတူကြတဲ့ သူငယ်ချင်း ၄ ယောက်ဟာ ​​ဟောလိုးဝင်းညမှာ အဲလစ်ရဲ့ အရင်ရည်းစားစီစဥ်တဲ့ ပါတီပွဲကြီးတစ်ခု ဆင်နွှဖို ထွက်ခွာလာခဲ့ကြပါတယ် အဲလစ်ရဲ့ ရည်ရွယ်ချက်ကတော့ ရည်းစားဟောင်းဆီမှာ ကျန်နေတဲ့ပစ္စည်းတွေ လာယူဖိုပါပဲ အဲလစ် မသိခဲ့တာက သူ့ညီမ ခရစ်စတင်းကပါ ခိုးလိုက်လာခဲ့တာပါ ​သူတို ရောက်ရှိသွားတဲ့ ပါတီပွဲဟာ သာမန် သောက်စား ပျော်ပါးရုံတင် မဟုတ်ဘဲ နက်နဲဆန်းကြယ်တဲ့ အန္တရာယ်တွေ ခြောက်ခြားဖွယ် ဖြစ်စဉ်တွေနဲ့ ရုတ်တရက် ထိန်းမရအောင် ကူးပြောင်းသွားခဲ့ပါတယ် အခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ Zombie တွေကြားထဲမှာ အသက်ရှင်ဖို ရုန်းကန်ရင်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု၊ သတ္တိနဲ့ ရွေးချယ်မှုတွေကို စမ်းသပ်ခံလာရပါတယ် အကူအညီမဲ့နေတဲ့ ရောင်စုံမီးရောင် မှိန်မှိန်တွေကြားထဲမှာ စရိုက်မတူတဲ့ သူငယ်ချင်း ၄ ယောက် မထင်မှတ်ထားတဲ့ အန္တရာယ်တွေနဲ့ ရင်းနှီးလာတဲ့အခါ... ဒီညကို သူတို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ... ပါတီတစ်ခုကနေ အသက်ရှင်ရေးတိုက်ပွဲတစ်ခုအဖြစ် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ… Zombie Horror နဲ့ Comedy အရသာကို တစ်ပြိုင်နက်တည်း ခံစားချင်သူတွေအတွက် စိတ်ဝင်စားစရာ ဇာတ်ကားလေးတစ်ကားပါ

ဇာတ်လမ်းအကြောင်း