ဇာတ်ကားများ ရွေးရန်

The Creeps

2025ဇာတ်ကားအမှတ် 5.6/1096 မိနစ်

The Creeps (2025) " ဇက် " ဆိုတဲ့ကောင်လေးရဲ့ ၁၇ နှစ်ပြည့်မွေးနေ့လေးနဲ့အတူ ​ခရစ္စမတ်ရာသီ ပိတ်ရက်မှာ အပန်းဖြေဖို ဖင်လန်နိုင်ငံရဲ့ နှင်းဖုံးနေတဲ့ တောင်တန်းမြိုလေးဆီ ရောက်ရှိလာခဲ့တဲ့ သူငယ်ချင်းတစ်စုကတော့ ပျော်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုအဖြစ် စတင်ခဲ့ပါတယ် ဒါပေမဲ့ အဲဒီ အေးစက်နေတဲ့ နှင်း​တော​ကြီးရဲ့ တိတ်ဆိတ်မှုနောက်ကွယ်မှာ ရာစုနှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့တဲ့ ရှေးဟောင်း သတ္တဝါဆန်း အုပ်စုတစ်စု ရှိနေခဲ့ပါတယ် စကိတ်ကွင်းမှာ မြူးကြွတဲ့ ပါတီပွဲနဲ့အတူ ​ညဘက် ရောက်လာတာနဲ့အမျှ နှင်းထုကြားထဲကနေ ထွက်ပေါ်လာတဲ့ ကစားစရာလို သေးငယ်ပေမဲ့ ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ သတ္တဝါဆန်း (The Creeps) ရဲ့ တိုက်ခိုက်မှုကို စတင်ကြုံတွေ့ရတဲ့အခါမှာတော့... ဖုန်းလိုင်းမမိ အကူအညီမဲ့နေတဲ့ နှင်း​တောလေးထဲမှာ ဒီသတ္တဝါဆန်းတွေရဲ့ အန္တရာယ်ကနေ သူတို သူငယ်ချင်းတစ်စု လွတ်မြောက်အောင် ဘယ်လိုရုန်းကန်ကြမလဲဆိုတာ ​ကျောချမ်းစရာ အေးစက်စက် လေထုနဲ့အတူ Monster Horror အငွေ့အသက်ကို အပြည့်အဝ ရချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါပဲ မီးပိတ်ပြီး တစ်ယောက်တည်းတော့ မကြည့်နဲ့နော်… Creeps တွေက အမှောင်ကို ပိုကြိုက်တတ်လို

ဇာတ်လမ်းအကြောင်း