Unhuman
ကျောင်းသားတစ်စုဟာ ကာယဆရာ ဦးဆောင်တဲ့ ကျောင်းလေ့လာရေးခရီးကို ထွက်လာကြပါတယ်။ လမ်းမှာ ကားရှေ့မှန်ပေါ် သွေးတွေ လာစင်ပြီး ကားက လမ်းဘေးကို ထိုးကျသွားတယ်။ အဲဒီနောက် ဇွန်ဘီတစ်ကောင်နဲ့ ကြုံရလို့ ကြောက်လန့်တကြား ထွက်ပြေးကြရင်း အဆောက်အဦးပျက်တစ်ခုထဲ ရောက်သွားကြပါတယ်။ ကျောင်းသားတချို့ကို ဆုံးရှုံးလိုက်ရပြီး ကျန်တဲ့သူတွေက ဇွန်ဘီတွေရန်ကို ကာကွယ်ဖို့ ပြင်ဆင်ကြတယ်။ ဒီအချိန်မှာ ကျောင်း၌ အမြဲအနိုင်ကျင့်ခံရတဲ့ ကောင်လေးနှစ်ယောက်က ဇွန်ဘီတွေကို ရှင်းထုတ်ရင်း သူရဲကောင်းတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် သူတို့က တကယ်ပဲ သူရဲကောင်းတွေလား၊ သူတို့ရဲ့ သရုပ်အမှန်က ဘာလဲဆိုတဲ့ မေးခွန်းတွေ ရှိနေသေးတယ်။ ဇွန်ဘီတွေ ဘယ်ကရောက်လာတာလဲ၊ အရေးကြုံလာတဲ့အခါ ကျောင်းသားတွေ ဘယ်လိုစည်းစည်းလုံးလုံး ကျော်ဖြတ်ကြမလဲဆိုတာကို ဟာသနဲ့ ထိတ်လန့်စရာတွေ ရောစပ်ထားတဲ့ ဒီဇာတ်လမ်းမှာ ဆက်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း